Site icon

မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာ‌တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေတ္တရပ်နားခဲ့ပေမယ့် အကြီးအကျယ် ပြန်လည်တူးဖော်နေ

နို၀င်ဘာ၊၁

ဧရာဝတီမြစ်ဆုံဒေသအတွင်း စက်ယန္တရားကြီး‌တွေနဲ့ ရွှေတူးဖော်နေတာ‌‌တွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခေတ္တရပ်နားထားပေမယ့် အခုအချိန် အကြီးအကျယ် ပြန်လည်တူးဖော်နေပြီလို့ သိရပါတယ်။

“အခုကပိုပြီး လုပ်နေကြပြီ။ သတင်းတွေ ပြန်ကြားရတယ်။ သူတို့က ခဏလေးနားပြီး အကြီးအကျယ် ပြန်လုပ်နေတာ။ ဘက်ဟိုးတောင် (၁၀) စီးလောက်ရောက်နေပြီ။ ညမှ လုပ်တာတဲ့။( ၂) ရက် (၃) ရက်လောက်နားပြီး ပြန်လုပ်နေတာ။ အခုက လုပ်နေတာအစောင့်နဲ့ လုပ်နေတာ။ ဘယ်သူမှ လာကြည့်လို့မရအောင် လုပ်‌ထားတာတဲ့။ ဘယ်သူမှ ၀င်လို့မရအောင်ပေါ့။ ခြံသွား တဲ့ ရွာသားတွေနဲ့တောင် စကားများခဲ့ရတယ်လို့ပြောတယ်။” လို့ မြစ်ဆုံဒေသခံ တစ်ဦး National Unity Media(NUM)ကို ပြောပါတယ်။

အခုလို ရွှေတူး‌ဖော်မှုတွေကြောင့် ကမ်းနံဘေးမြေသား‌တွေဟာ သဘာဝအတ်ိုင်း ကျစ်လစ်ခိုင်မာမှု‌တွေ မရှိနိုင်‌တော့ဘဲ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့မယ်ဆိုရင် စိုးရိမ်ရပြီး စိန်ခေါ်မှုအမျိုးမျိုးကိုလည်း ရှိလာနိုင်တယ်လို့ ဒေသခံလူထုကသဘောထားထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

အခုတူးဖော်နေရာတွေမှာ ချိုင့်ခွက်တွေ ကျောက်ပုံတွေ ဖြစ်ပေါ်နေပြီး ရေကြီးလာချိန် မြစ်ဆုံရွာထဲ တန်း၀င်နိုင်ဖွယ်ရှိပြီး မြစ်ဆုံလည်းပျက်စီးသွားမှာ စိုးရိမ်တာကြောင့် စက်ယန္တားကြီးတွေနဲ့ မတူးဖော်ဖို့ မြစ်ဆုံဒေသခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။