ဝိုင်းမော်မြို့၊ (၅၈)တပ်ရင်းမှ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်ခဲ့ရာမှ မဒိန်ကျေးရွာသား တစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုန်းသည် တောင်ယာသွားစဉ် စစ်တပ် နောက်ဘက်အရောက်တွင် လက်နက်ကြီးထိမှန်ပြီးသေဆုံး နေသည်ကို တောင်ယာသွားသူများက တွေ့မြင်ပြီး ယခုချိန် ဝိုင်းမော်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဒေသခံအများစု၏ တောင်ယာသွားရာလမ်းသည်( ၅၈) တပ်ရင်းနောက်ဘက် အင်မြန်းခ (N Myen Hka) ချောင်းမှ သွားနေရခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်စခန်းက အထင်မှားပြီးပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
ဝိုင်းမော်မြို့၊(၅၈)တပ်ရင်းမှ ယနေ့ နေ့လယ်(၁၂)နာရီခန့်မှ စတင်ပြီး လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များလည်း ပျက်စီးခဲ့သည်။

