Site icon

ဖားကန့်မြို့မှာ MPT ဖုန်းလိုင်းပြတ်တောက်နေ

ဒီဇင်ဘာ၊၆

အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီကနေစပြီး MPTဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဟုတ်တယ် MPTဖုန်းတွေက ဒီမနက်မှာ ဖုန်းလိုင်းအကုန်ပျောက်ပြီ။ မရတော့ဘူး”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း MPT ဖုန်းတွေ ဆက်လို့မရကြောင်းနဲ့ ဆက်သွယ်မှုဧရိယာပြင်ပပဲ ရောက်ရှိနေတယ်လို့ National Unity Media(NUM) ကို ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး ပြတ်တောက်နေတာ (၃) လကျော်ရှိနေပြီပဲ ဖြစ်ပါတယ်။