Home ပြည်တွင်းသတင်း

ပြည်တွင်းသတင်း

ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ၊ ၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ " လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက်...

စစ်ရှောင်နေရပ်ပြန်ရေး အလှမ်းဝေးနေဦးမှာလား

ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လကနေ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ၁၉၉၄ ခုနှစ်ကစလို့  (၁၇) နှစ်ကြာ အပစ်ရပ်စဲထားတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လည် စတင်ခဲ့တဲ့ အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားရာ...

ချီဖွေမြို့အနီးက မေခမြစ်တစ်လျှာက် ရွှေတူးဖော်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေ

ဇန်နဝါရီ၊၄ ကချင်ပြည်နယ် ၊ ချီဖွေမြို့အနီး မေခမြစ်တစ်လျှောက်မှာ စက်ယန္တယားတွေနဲ့ ရွှေတူးဖော်တာတွေ ပိုမိုများပြားလာတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှာကို စိုးရိမ်နေရတယ်လို့ သိရပါတယ်။ အာဏာမသိမ်းခင်အချိန်က မေခမြစ် တစ်ဖက်ခြမ်းဘက်မှာသာ တူးဖော်မှုတွေ ပြုလုပ်ကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ချီဖွေမြို့ ၊ ကန်ပိုင်ယန် ဘက်မှာပါ တူးဖော်မှုတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "အရင်ကတော့ မုတ်သုန်တော တစ်ဖက်မှာပဲ တူးကြတာ။ အခုက ချီဖွေဖက်ခြမ်း ကန်ပိုင်ယန်မှာလည်း...

ပိုမိုဆိုးရွားလာနေတဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်မှု ဝိုင်း၀န်း အဖြေရှာ ဖြေရှင်းစေလို

ဒီဇင်ဘာ၊၂၉ ကချင်ပြည်နယ်၊ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုဟာ ရပ်ဆိုင်းသွားတာမျိုးမရှိဘဲ ပိုမို ဆိုးရွားလာ‌နေ တဲ့အတွက် ပြည်သူတွေအားလုံး ဝိုင်းဝန်အဖြေရှာ ဖြေရှင်းကြဖို့ တောင်းဆိုလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးဆီကို ကန့်ကွက်စာတွေ ပေးပို့တိုင်ကြားတာတွေ လုပ်ခဲ့ပေမယ့် တစ်စုံတရာ ထူးခြားမှု မရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "ဒေသခံတွေက အမြဲတမ်းခံနေရတယ်။ အမြဲတမ်းစိတ်ပူနေရပြီ။ ပုံကို ကြည့်လိုက်တာနဲ့...

နောင်မွန်မြို့မှာ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်းပေးနေ

ဒီဇင်ဘာ၊၂၀ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကနေ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်း ခေါ်ယူ သင်ကြားပေး နေတယ်လို့ သိရပါတယ်။ နောင်မွန်းမြို့မှာ ရဲအင်အားနည်းတဲ့အတွက် စစ်ရေးပိုမို ပြင်းထန်လာရင် အဆင်သင့် အနေအထားဖြစ်‌နေဖို့ အခုလို သင်ကြားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။ "နောင်မွန်မှာက ရဲအင်အား မရှိတော့ သင်တန်း ခေါ်ကြတာပေါ့။ ရဲတွေရဲ့ ဇနီးတွေကို။ သူတို့ ဘာသတင်းကြားလို့လား။ သူတို့က...

မှော်စီစာမြေစာပုံပြိုကျမှု အဖွဲ့(၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်ကြာ အလောင်းရှာဖွေမှု ပြုလုပ်သွားမည်

ဒီဇင်ဘာ၊၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။ ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်‌နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ " ကျွန်တော်တို့ မနက် (၉)...

ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ

စက်တင်ဘာ၊၃၀ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာ‌တွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။"လို့ ဒေသခံက...

ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ

နိုဝင်ဘာ၊၁၃ မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...

အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲပါဝင်

ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန် မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ်...

ဒွမ်ဘန်နဲ့ ခွမ်ဆိုင်ယန်ကျေးရွာကြားက စစ်ကောင်စီစစ်‌ကြောင်းကို KIA မိုင်းခွဲတိုက်ခိုက်

အောက်တိုဘာ၊ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာနဲ့ ခွမ်ဆိုင်ယန် ကျေးရွာကြားမှာ အင်အား(၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အပြင် ခွန်ဆိုင်ယန်ကျေးရွာမရောက်မီ ရှရော်ပါမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။ “မိုင်းတစ်လုံးခွဲတယ်တဲ့။ ခွန်ဆိုင်ယန်မရောက်ခင် ရှရော်ပါမှာ နောက်တစ်လုံး ထပ်ခွဲပေးတယ်။ ဒွန်ဘန်နဲ့ ခွန်ဆိုင်ယန်...