Tag: မသန်စွမ်း
ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက မသန်စွမ်းတွေရဲ့ ရုန်းကန့်ရတဲ့ ဘ၀
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်တစ်နေ့ထက်တစ်နေ့ ပြည်သူတွေဟာ စားဝတ်နေရေး အကြပ်တည်းတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။နိုင်ငံရေး အကြပ်အတည်းကြားကနေ ကိုဗစ်ရောဂါ ကူးစက်မှုကလည်း မြင့်တက်နေတာကြောင့်အလုပ်လုပ်ဖို့ ခက်ခဲလာပြီး တချို့ ဈေးဆိုင်၊ အလုပ်ရုံတွေ ပိတ်သိမ်းတဲ့အထိ ရှိလာပါတယ်။ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် သာမန်လူတွေတောင် ခက်ခဲနေတဲ့အခြေအနေမှာ အကူအညီကင်းမဲ့နေတဲ့ မသန်စွမ်းသူတွေ အတွက်တော့ လက်ရှိ စားဝတ်နေရေးဖြေရှင်းနေရတာ မသက်သာလှပါဘူး။
ဆင်းရဲနွမ်းပါးလှတဲ့ မသန်စွမ်းတွေဟာ အရင်ချိန်တွေက မြစ်ကြီးနားမြို့ပေါ်မှာ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့...
