Tag: IDPs
စစ်ရှောင်နေရပ်ပြန်ရေး အလှမ်းဝေးနေဦးမှာလား
ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လကနေ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
၁၉၉၄ ခုနှစ်ကစလို့ (၁၇) နှစ်ကြာ အပစ်ရပ်စဲထားတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လည် စတင်ခဲ့တဲ့ အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားရာ...
မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း
နို၀င်ဘာ၊၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာကနေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
"လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူနာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့...
ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ
နိုဝင်ဘာ၊၁၃
မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...


