Home ဆောင်းပါး

ဆောင်းပါး

မြစ်ကြီးနားတနိုင်း သွားတဲ့ လီဒိုလမ်းမပေါ်က တိုက်ပွဲတွေနဲ့ စစ်ရှောင်တွေရဲ့ ဘ၀

ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၂၀၁၁ ခုနှစ်ကနေစပြီး တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စု‌ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကြောင့် လူဦးရေ (၁) သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး  IDP စခန်းတွေမှာ နေထိုင်ခဲ့ကြရပါတယ်။ ကချင်ပြည်နယ်အတွင်းက အဲ့ဒီစစ်ရှောင် တစ်သိန်းကျော်ကို အရင် (NLD) အစိုးရလက်ထက်က နေရပ်ပြန်နိုင်ရေးအတွက်...

မြန်မာပြည်မြောက်ဖျားပိုင်းက ခိုးကိုးရာမဲ့ ဘိုးဘွားတွေနဲ့ ဒေသခံတွေရဲ့ အခက်အခဲ

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ ဖေဖော်ဝါလနှောင်းပိုင်းမှာ မြန်မာနိုင်ငံအတွင်း ကုန်စည်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လူမှုအခက်အခဲတွေကို တစ်နေ့ထက်တစ်နေ့  ပြည်သူလူထု ခါးစည်းခံနေကြရပါတယ်။ ကုန်စည်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဒေသခံပြည်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။ ဒါ့အပြင် ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေတွေကြား သွားရေးလာရေးမှာလည်း လုံခြုံမှုကင်းမဲ့နေတယ်လို့ ခံစားနေရပြီး ဒေသခံလူထုဟာ...

မတရားဖမ်းဆီး ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်များ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးခဲ့ပြီးတော့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့အချိန်ကစလို့ စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူလူထုအပေါ်လက်နက်အားကိုးနဲ့ တရားမဲ့ဖမ်းဆီးတာတွေကို နေ့စဉ်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။ အဲ့ဒီလိုဖမ်းဆီးတဲ့အခါမှာလည်း စစ်အုပ်စုကိုဆန့်ကျင်တဲ့သူမှန်သမျှကို လမ်းပေါ်မှာ အင်အားအလုံးအရင်းနဲ့ အကြောင်းမဲ့ ပစ်သတ်တာ၊ အကြမ်းဖက်ဖမ်းဆီးတာ၊ နေအိမ်တွေမှာ အတင်းဝင်ရောက် ဖမ်းဆီးတာတွေ ကိုလည်းပြုလုပ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း...

စစ်ရှောင်နေရပ်ပြန်ရေး အလှမ်းဝေးနေဦးမှာလား

ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လကနေ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ၁၉၉၄ ခုနှစ်ကစလို့  (၁၇) နှစ်ကြာ အပစ်ရပ်စဲထားတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ ၂၀၁၁...