လဝါးကျေးရွာ အကျော်မှာ ဆိုင်ကယ်စီးပြန်လာသူ နှစ်ဦးကို စစ်ကောင်စီ ပစ်ခတ်၊ ဒဏ်ရာပြင်းထန်ဟုဆို

စက်တင်ဘာ၊၂၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအကျော်မှာ ခြံထဲကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ညနေ(၃)နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခြံထဲကနေ ဝက်စာပင်ခုတ်ပြီး ပြန်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒဏ်ပြင်းထန်မှုကြောင့် အမျိုးသားဖြစ်သူရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ရွာနဲ့တော့ သိပ်မဝေးဘူး။ ခြံကနေ ဆိုင်ကယ် စီးပြီး ပြန်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ပစ်လိုက်တာ။...

ရှဒူးဇွပ်ကျေးရွာက ခြေကျင်တက်လာတဲ့ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၇ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားရှိ တရုတ်တံတားမှာ ရှဒူးဇွပ်ကျေးရွာကနေ ခြေကျင်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်တွေအနေနဲ့ ဒီကနေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၇) နာရီခွဲ နဲ့ (၈) နာရီ ချိန်လောက်က ရှဒူးဇွပ်ကျေးရွာကနေ နှစ်ဖွဲ့ခွဲ​ပြီး...

ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်

နို၀င်ဘာ၊၁၄ ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။ မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက...

လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွမှာ စစ်တပ်က တပ်စွဲနေထိုင်လို့ ဒေသခံများ ထိတ်လန့်နေ

ဩဂုတ်၊၃၀ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာ(Tan Ja)‌ ကျေးရွာမှာ နေနေသေးတဲ့ ကျေးရွာနေပြည်တွေရဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတူလာရောက်နေထိုင်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ အခုလို ရွာအတွင်းက နေအိမ်တွေမှာ တပ်စခန်းချ နေထိုင်နေတာ‌ကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ "ရွာထဲမှာ စစ်သားအင်အား(၃၀)ကျော်လောက်ရှိနိုင်တယ်။ ပြည်သူတွေရဲ့ အိမ်မှာ လိုက်နေ နေကြတယ်။ သူတို့က ပြည်သူတွေကို cover(အကာအကွယ်)လုပ်တယ်လို့ မြင်တယ်။...

ဝိုင်းမော်မြို့ (၅၈) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် မဒိန်‌ကျေးရွာမှ ဒေသခံတစ်ဦး သေဆုံး

ဝိုင်းမော်မြို့၊ (၅၈)တပ်ရင်းမှ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်ခဲ့ရာမှ မဒိန်ကျေးရွာသား တစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုန်းသည် တောင်ယာသွားစဉ် စစ်တပ် နောက်ဘက်အရောက်တွင် လက်နက်ကြီးထိမှန်ပြီးသေဆုံး နေသည်ကို တောင်ယာသွားသူများက တွေ့မြင်ပြီး ယခုချိန် ဝိုင်းမော်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။ ဒေသခံအများစု၏ တောင်ယာသွားရာလမ်းသည်( ၅၈) တပ်ရင်းနောက်ဘက် အင်မြန်းခ (N Myen Hka) ချောင်းမှ သွားနေရခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်စခန်းက အထင်မှားပြီးပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း...

ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ယူပေးတဲ့သူတွေကို KIA တိုက်ခိုက်

အောက်တိုဘာ၊၄ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့‌နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက်...

စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မန်ပန်ရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်

အောက်တိုဘာ၊၉ ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု မန်ပန်ကျေးရွာမှာ မနေ့က နေ့လယ် (၁)နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လက်ရှိ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ရှထူးဇွပ်ကနေ ခြေလျင်နဲ့ ဆင်းလာတဲ့ စစ်သားတွေကို KIAကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အပြီး မန်ပန်ရွာထိပ်မှာ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်ကနေ ရွာအတွင်း ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "မန်ပန် ရွာထိပ်မှာ...

မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာ‌တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေတ္တရပ်နားခဲ့ပေမယ့် အကြီးအကျယ် ပြန်လည်တူးဖော်နေ

နို၀င်ဘာ၊၁ ဧရာဝတီမြစ်ဆုံဒေသအတွင်း စက်ယန္တရားကြီး‌တွေနဲ့ ရွှေတူးဖော်နေတာ‌‌တွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခေတ္တရပ်နားထားပေမယ့် အခုအချိန် အကြီးအကျယ် ပြန်လည်တူးဖော်နေပြီလို့ သိရပါတယ်။ "အခုကပိုပြီး လုပ်နေကြပြီ။ သတင်းတွေ ပြန်ကြားရတယ်။ သူတို့က ခဏလေးနားပြီး အကြီးအကျယ် ပြန်လုပ်နေတာ။ ဘက်ဟိုးတောင် (၁၀) စီးလောက်ရောက်နေပြီ။ ညမှ လုပ်တာတဲ့။( ၂) ရက် (၃) ရက်လောက်နားပြီး ပြန်လုပ်နေတာ။ အခုက လုပ်နေတာအစောင့်နဲ့ လုပ်နေတာ။ ဘယ်သူမှ လာကြည့်လို့မရအောင် လုပ်‌ထားတာတဲ့။ ဘယ်သူမှ...

ခလရ(၅၈) တပ်ရင်းကနေ ဖမ်းဆီးသွားတဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစု တောင်းဆို

ဩဂုတ်၊၃၁ ဝိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းကနေ ဩဂုတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်က လက်နက်ကြီး/ငယ်တွေနဲ့ ကျေးရွာတွေမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးလွတ်ပေးဖို့ မိသားစုတွေက တောင်းဆိုနေကြပါတယ်။ ဦးဘောမ်ဇုန်းဟာ အဲဒီနေ့က သေနတ်သံကြားနေရချိန် ကလေး‌ တွေနဲ့ ပုန်းနေပြီး ဝိုင်းမော်မြို့‌ပေါ်ကို ပြေးဖို့ စီစဉ်နေချိန်မှာပဲ စစ်သားတစ်ဦး ၀င်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန် ဦးဘောမ်ဇုန်းကို ကေအိုင်အေစစ်သားလို့ဆိုပြီး...

မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက်ရှိနေ

အောက်တိုဘာ၊၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်အုပ်စု (၁၀) မိုင်ကျေးရွာမှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက် ရှိနေပြီဖြစ်တယ်လို့ ကိုဗစ် စေတနာ့၀န်ထမ်း(Volunteer)လုပ်နေတဲ့ လူငယ်တစ်ဦးဆီကနေ သိရပါတယ်။ ကိုဗစ် Volunteer တွေအနေနဲ့ ဆယ်မိုင်ရွာတွင်း စျေးပြန်လည် ဖွင့်ပြီးတဲ့နောက်ပိုင်း ကိုဗစ်ပြန်လည် ဖြစ်ပွားမှုနှုန်း များပြားလာတာဖြစ်ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေ ရှိတဲ့အိမ်တွေကို အသင်းတော်ကနေပြီးတော့ အစားအ‌သောက်ထောက်ပံ့ပေးတာတွေ ပိုးသတ်ဆေး ဖြန်းပေးတာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ " အရင်တော့ နည်းနည်း သက်သာတယ်။ ခုတစ်လော မနက်စျေး...