အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။
“ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန် ၂၉၈ တပ်စခန်းကနေဆင်းလာတဲ့ စစ်ယာဥ်တန်းကို KIA ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ တာဝါတိုင်နားမှာထပ်ခွဲပေးတယ်။”လို့ ဒေသခံက NUM ကို ပြောပါတယ်။
လက်ရှိအချိန် လီဒိုလမ်းတစ်လျောက်မှာလည်း စစ်ကောင်စီဖက်ကနေ စစ်အင်အားတိုးချဲ့တာတွေလုပ်ဆောင် လျက်ရှိနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကလည်း စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။





