Tag: KIA
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ယူပေးတဲ့သူတွေကို KIA တိုက်ခိုက်
အောက်တိုဘာ၊၄
တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက်...
ဝါရာဇွပ်ကျေးရွာအုပ်စုမှာ စံပြပြည်သူ့စစ်၊ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးတပ်သားတွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ၊၂
ဖားကန့်မြို့နယ်၊ဝါရာဇွပ်ကျေးရွာအုပ်က ယုဇန ကုမ္ပဏီလမ်း ဖောက်လုပ်ထားတဲ့ တရုတ်တံတားအကျော်မှာ စံပြပြည်သူ့စစ်တွေနဲ့အတူ စစ်ကောင်စီတပ် ယာဉ်တန်းဆင်းလာချိန်ကို လုံခြုံရေးယူပေးနေတဲ့ တပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တို့ ဒီကနေ့ မနက်(၈)နာရီလောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စံပြ ပြည်သူ့စစ်က စစ်သားတွေနဲ့ စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တရုတ်တံတားအကျော်မှာ ဖြစ်တာ။ စံပြပြည်သူ့စစ် ကား(၂)စီးရော ဆင်းလာတယ်။ စစ်သားတွေရော ပါတယ်။...
စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း KIA နဲ့ ထပ်မံ တိုက်ပွဲပြင်းထန်
စက်တင်ဘာ၊၂၃
ဒီကနေ့ နမ္မတီးဘက်ကနေ တက်လာတဲ့ စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ခြေလျင်နဲ့ စစ်ကြောင်း ပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ လွယ်လီချောင်းအကျော် ဒွမ်ဘွမ် အောက်ဘက်မှာရှိတဲ့ တာဝါတိုင်အနီးမှာ ညနေ(၆)နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကားတွေဟာ ဒီကနေ့ မိုးကောင်းမြို့နယ်၊ မရန်ကထောင်အကျော် မကောက်ဇွပ်ကုန်းမှာ နားနေချိန် မိုင်းခွဲတိုက်ခိုက်ခံရပြီး ခြေလျင်နဲ့ ပြန်လည် စစ်ကြောင်းဆင်ခဲ့တယ်လို့ သိရပါတယ်။
စစ်သားတွေဟာ လွယ်လီချောင်းအကျော်ကနေ (၂)မိုင်လောက်ဝေးတဲ့ တာဝါတိုင်အနီးမှာ KIAနဲ့ ထိပ်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာ...
လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွမှာ စစ်တပ်က တပ်စွဲနေထိုင်လို့ ဒေသခံများ ထိတ်လန့်နေ
ဩဂုတ်၊၃၀ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာ(Tan Ja) ကျေးရွာမှာ နေနေသေးတဲ့ ကျေးရွာနေပြည်တွေရဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတူလာရောက်နေထိုင်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ အခုလို ရွာအတွင်းက နေအိမ်တွေမှာ တပ်စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
"ရွာထဲမှာ စစ်သားအင်အား(၃၀)ကျော်လောက်ရှိနိုင်တယ်။ ပြည်သူတွေရဲ့ အိမ်မှာ လိုက်နေ နေကြတယ်။ သူတို့က ပြည်သူတွေကို cover(အကာအကွယ်)လုပ်တယ်လို့ မြင်တယ်။...



