Tag: အင်ဂျန်းယန်
အင်ဂျန်းယန်မြို့နယ်က ကျေးရွာအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေ
အောက်တိုဘာ၊၁၃
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က ကျေးရွားအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် စပါးပင်တွေ ပျက်စီးပြီး ယာပိုင်ရှင်တွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ ဘွမ်ရွန်းနဲ့ အင်ဂွမ်းလကျေးရွာတွေမှာ အဆိုးဆုံး အခြေအနေဖြစ်နေပြီး ဒေသခံတွေအနေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ဝိုင်းဝန်းအကြံပေး ကူညီကြဖို့ တောင်းဆိုနေကြပါတယ်။
"အရင်က လူကြီးတွေပြောတာက ဒီနှစ်မှာ ဒီလိုစားရင် နောက်နှစ်တွေမှာ ပိုဆိုးလာမယ်လို့ ပြောထားတာ ရှိတော့ စိုးရိမ်နေရတယ်။ ကူညီ အကြံပေးကြဖို့ တောင်းဆိုချင်တယ်။ ကြွက်တွေ စားလိုက်တော့...
