Home Tags တနိုင်း

Tag: တနိုင်း

ပူပြင်းတဲ့ ရာသီဥတုကြောင့် တနိုင်းလီဒိုလမ်းက စပါးပင်တွေ ပျက်စီး

အောက်တိုဘာ၊၁၃ ကချင်ပြည်နယ်၊ တနိုင်း လီဒိုလမ်းတစ်လျှောက်က စပါးခင်းတွေဟာ ရာသီဥတု ပူပြင်းတဲ့အတွက် ပျက်စီးလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ မိုးရွာတာမရှိတော့ဘဲ နေပူပြင်းတဲ့ဒဏ်ကြောင့် စပါးပင်တွေ နီလာပြီး ပျက်စီးလာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "လီဒိုလမ်းတစ်လျှောက်ကပဲ။ စပါးပင်တွေက နီသွားတာ။ ရေက အမြန်ခမ်းသွားတာ။ ဆိုတော့ ဘယ်လို ဆက်ဖြစ်လာမလဲ မသိဘူး။ အဓိက ကတော့ မိုးမရွာလို့ပေါ့။ ရာသီဥတုက အရမ်းပူတော့။ မနှစ်ကဆို ရာသီမိုးတွေ မှန်မှန် ရွာပေးတယ်။...

ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ၊ ၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ " လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက်...