Home ပြည်တွင်းသတင်း

ပြည်တွင်းသတင်း

မှော်စီစာမြေစာပုံပြိုကျမှု အဖွဲ့(၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်ကြာ အလောင်းရှာဖွေမှု ပြုလုပ်သွားမည်

ဒီဇင်ဘာ၊၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။ ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်‌နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ " ကျွန်တော်တို့ မနက် (၉)...

နောင်မွန်မြို့မှာ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်းပေးနေ

ဒီဇင်ဘာ၊၂၀ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကနေ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်း ခေါ်ယူ သင်ကြားပေး နေတယ်လို့ သိရပါတယ်။ နောင်မွန်းမြို့မှာ ရဲအင်အားနည်းတဲ့အတွက် စစ်ရေးပိုမို ပြင်းထန်လာရင် အဆင်သင့် အနေအထားဖြစ်‌နေဖို့ အခုလို သင်ကြားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။ "နောင်မွန်မှာက ရဲအင်အား မရှိတော့ သင်တန်း ခေါ်ကြတာပေါ့။ ရဲတွေရဲ့ ဇနီးတွေကို။ သူတို့ ဘာသတင်းကြားလို့လား။ သူတို့က...

အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲပါဝင်

ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန် မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ်...

လဂျားဘွမ်နဲ့ တရုံကြားမှာ စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာ၊၁၁ Soldier-KIAကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လဂျားဘွမ်နဲ့ တရုံကျေးရွာ ကြားမှာ တနိုင်းဘက်ကနေ ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား (၈၀)လောက်ကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(MHH) ကနေ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မနက်(၇)နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေကနေ အနီးအနားကို လက်နက် ကြီး/ငယ်တွေနဲ့ တစ်နာရီလောက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "လက်နက်ကြီး/ငယ်နဲ့ ရမ်းသမ်းပြီး ပြန်ပစ်ကြတယ်။ မိုင်းဆွဲသံက...

ဖားကန့်မြို့မှာ MPT ဖုန်းလိုင်းပြတ်တောက်နေ

ဒီဇင်ဘာ၊၆ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီကနေစပြီး MPTဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ "ဟုတ်တယ် MPTဖုန်းတွေက ဒီမနက်မှာ ဖုန်းလိုင်းအကုန်ပျောက်ပြီ။ မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း MPT ဖုန်းတွေ ဆက်လို့မရကြောင်းနဲ့ ဆက်သွယ်မှုဧရိယာပြင်ပပဲ ရောက်ရှိနေတယ်လို့ National Unity Media(NUM) ကို ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး...

စစ်ရှောင်နေရပ်ပြန်ရေး အလှမ်းဝေးနေဦးမှာလား

ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လကနေ တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ပွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စုကျော်ရှိလာပြီ ဖြစ်ပြီး စစ်ရှောင်ပြည်သူ တစ်သိန်းကျော်ဟာလည်း နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ၁၉၉၄ ခုနှစ်ကစလို့  (၁၇) နှစ်ကြာ အပစ်ရပ်စဲထားတဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ဟာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေနဲ့ တစ်ကျော့ပြန် ပြန်လည် စတင်ခဲ့တဲ့ အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားရာ...

ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်

နို၀င်ဘာ၊၁၄ ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။ မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက...

မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း

နို၀င်ဘာ၊၁၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊‌ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာက‌နေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိ‌တော့တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူ‌နာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့...

ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ

နိုဝင်ဘာ၊၁၃ မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...

စစ်ကောင်စီတပ်စခန်းကနေ ဆိုင်းဖရာကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

နို၀င်ဘာ၊၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ နန်ယားတပ်စခန်းကနေ ညအချိန် လက်နက်ကြီး ၁၀၉ မမ တွေနဲ့ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " အဲဒီလိုလက်နက်ကြီးနဲ့ ပစ်တော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက အရမ်းကြောက်ပြီး တုန်ပြီးနေနေကြရတယ်။ တစ်ချို့က နှလုံးရောဂါရှိတဲ့သူတွေက သေတောင်သေသွားနိုင်တယ်။ ရုတ်တရက်ဆိုတော့လေ။ဘာမှမဖြစ်တဲ့ သာမန်လူတွေတောင် အရမ်းကြောက်မိတာ လက်တွေ၊...