Home ဆောင်းပါး

ဆောင်းပါး

မြစ်ကြီးနားတနိုင်း သွားတဲ့ လီဒိုလမ်းမပေါ်က တိုက်ပွဲတွေနဲ့ စစ်ရှောင်တွေရဲ့ ဘ၀

ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ၂၀၁၁ ခုနှစ်ကနေစပြီး တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်စု‌ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကြောင့် လူဦးရေ (၁) သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး  IDP စခန်းတွေမှာ နေထိုင်ခဲ့ကြရပါတယ်။ ကချင်ပြည်နယ်အတွင်းက အဲ့ဒီစစ်ရှောင် တစ်သိန်းကျော်ကို အရင် (NLD) အစိုးရလက်ထက်က နေရပ်ပြန်နိုင်ရေးအတွက်...

စပါးခင်းတွေမှာ ကြွက်တွေ ဝင်ရောက်သောင်းကျန်းလို့ အစာငတ်‌ဘေးနဲ့ ကြုံရနိုင်တဲ့ မြန်မာပြည်မြောက်ပိုင်း အင်ဂျန်းယန်မြို့က ပြည်သူများ

မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ (၁) ရက်နေ့တည်းကစပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပြည်သူတွေအနေနဲ့ နိုင်ငံရေးအခက်အခဲတွေကြား ရုန်းကန်စားသောက်နေရတဲ့ချိန် ကိုဗစ်ကပ်ဆိုးကြီးဒဏ်ကိုလည်း ခါးခါးသီးသီး ခံစားကြရပြီး ကချင်ပြည်နယ် မြစ်ဖျားပိုင်းဒေသက ပြည်သူတွေမှာ အစာငတ်ဘေးကြုံမယ့် လက္ခဏာမျိုးနဲ့လည်း ကြုံတွေ့နေရပါတယ်။ ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာဒေသတွေမှာ စားဝတ်နေရေး အမြဲအခက်ကြုံခဲ့ရသလို အခုလို နိုင်ငံ့...

ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက မသန်စွမ်းတွေရဲ့ ရုန်းကန့်ရတဲ့ ဘ၀

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက်တစ်နေ့ထက်တစ်နေ့ ပြည်သူတွေဟာ စားဝတ်နေရေး အကြပ်တည်းတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။နိုင်ငံရေး အကြပ်အတည်းကြားကနေ ကိုဗစ်ရောဂါ ကူးစက်မှုကလည်း မြင့်တက်နေတာကြောင့်အလုပ်လုပ်ဖို့ ခက်ခဲလာပြီး တချို့ ဈေးဆိုင်၊ အလုပ်ရုံတွေ ပိတ်သိမ်းတဲ့အထိ ရှိလာပါတယ်။ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် သာမန်လူတွေတောင် ခက်ခဲနေတဲ့အခြေအနေမှာ...

မတရားဖမ်းဆီး ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးတဲ့ မြစ်ကြီးနားအခြေစိုက် သတင်းထောက်များ

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးခဲ့ပြီးတော့ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့အချိန်ကစလို့ စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူလူထုအပေါ်လက်နက်အားကိုးနဲ့ တရားမဲ့ဖမ်းဆီးတာတွေကို နေ့စဉ်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။ အဲ့ဒီလိုဖမ်းဆီးတဲ့အခါမှာလည်း စစ်အုပ်စုကိုဆန့်ကျင်တဲ့သူမှန်သမျှကို လမ်းပေါ်မှာ အင်အားအလုံးအရင်းနဲ့ အကြောင်းမဲ့ ပစ်သတ်တာ၊ အကြမ်းဖက်ဖမ်းဆီးတာ၊ နေအိမ်တွေမှာ အတင်းဝင်ရောက် ဖမ်းဆီးတာတွေ ကိုလည်းပြုလုပ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း...