ဝိုင်းမော်မြို့ (၅၈) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် မဒိန်ကျေးရွာမှ ဒေသခံတစ်ဦး သေဆုံး
ဝိုင်းမော်မြို့၊ (၅၈)တပ်ရင်းမှ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်ခဲ့ရာမှ မဒိန်ကျေးရွာသား တစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုန်းသည် တောင်ယာသွားစဉ် စစ်တပ် နောက်ဘက်အရောက်တွင် လက်နက်ကြီးထိမှန်ပြီးသေဆုံး နေသည်ကို တောင်ယာသွားသူများက တွေ့မြင်ပြီး ယခုချိန် ဝိုင်းမော်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဒေသခံအများစု၏ တောင်ယာသွားရာလမ်းသည်( ၅၈) တပ်ရင်းနောက်ဘက် အင်မြန်းခ (N Myen Hka) ချောင်းမှ သွားနေရခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်စခန်းက အထင်မှားပြီးပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း...
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲပါဝင်
ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန်
မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ်...
မြန်မာပြည်မြောက်ဖျားပိုင်းက ခိုးကိုးရာမဲ့ ဘိုးဘွားတွေနဲ့ ဒေသခံတွေရဲ့ အခက်အခဲ
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ ဖေဖော်ဝါလနှောင်းပိုင်းမှာ မြန်မာနိုင်ငံအတွင်း ကုန်စည်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လူမှုအခက်အခဲတွေကို တစ်နေ့ထက်တစ်နေ့ ပြည်သူလူထု ခါးစည်းခံနေကြရပါတယ်။
ကုန်စည်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဒေသခံပြည်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။
ဒါ့အပြင် ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေတွေကြား သွားရေးလာရေးမှာလည်း လုံခြုံမှုကင်းမဲ့နေတယ်လို့ ခံစားနေရပြီး ဒေသခံလူထုဟာ ဝမ်းရေးပြဿနာတွေကြား ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရပါတယ်။
“အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ချိန်မှာ ဘာပဲလုပ်လုပ်၊ဘယ်ပဲသွားသွား စိုးရိမ်ရတယ်။ ကြောက်ရတယ်။မငြိမ်းချမ်းဘူး ။ လုံခြုံမှုမရှိဘူးလို့...
နောင်းမီနဲ့မန်ပန်ကျေးရွာကြားက စစ်ကောင်စီ စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်
အောက်တိုဘာ၊၈
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု၊ နောင်းမီနဲ့ မန်ပန်ကျေးရွာကြားက ရဲဘက်စခန်း အနီးမှာ ရှထူးဇွပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၁၀)နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ရှထူးဇွပ် ကျေးရွာကနေ ခြေလျင်နဲ့ ဆင်းလာတာ ဖြစ်ပြီး လူအင်အား ခန့်မှန်းခြေ(၂၀၀)ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ရှထူးဇွပ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေမနေ့က ဆင်းလာပြီး မနေ့ညက တော့ သူတို့ နောင်းမီမှာ...
နောင်မွန်မြို့မှာ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်းပေးနေ
ဒီဇင်ဘာ၊၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကနေ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်း ခေါ်ယူ သင်ကြားပေး နေတယ်လို့ သိရပါတယ်။
နောင်မွန်းမြို့မှာ ရဲအင်အားနည်းတဲ့အတွက် စစ်ရေးပိုမို ပြင်းထန်လာရင် အဆင်သင့် အနေအထားဖြစ်နေဖို့ အခုလို သင်ကြားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
"နောင်မွန်မှာက ရဲအင်အား မရှိတော့ သင်တန်း ခေါ်ကြတာပေါ့။ ရဲတွေရဲ့ ဇနီးတွေကို။ သူတို့ ဘာသတင်းကြားလို့လား။ သူတို့က...
အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမယ်လို့ KIO/KIA ဥက္ကဌ ပြော
အောက်တိုဘာ၊၂၅
ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း(KIO)၊ (၆၁) နှစ်ပြည့်အထိမ်းအမှတ်နေ့ မှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး KIO/KIA အနေနဲ့ အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အချိန်တွေမှာ မြန်မာနိုင်ငံအတွင်း ဘယ်အစိုးရပဲ တက်လာတက်လာ လူမျိုးကြီးဝါဒကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေ လျစ်လျူရှုခဲ့တဲ့ လုပ်ရပ်တွေပဲ ရှိခဲ့တာကြောင့် တိုင်းရင်းသားတွေ စတင်တော်လှန်ခဲ့ကြတယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။
တိုင်းရင်သားတွေအနေနဲ့...
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ၊ ၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
" လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက်...
ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ
နိုဝင်ဘာ၊၉
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် ထားတာကြောင့် ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။
"ဒေသခံတွေက ပစ်ခတ်မှုကြောင့် ကြားထဲမှာရောက်ပြီးမှ အိမ်မီးလောင်မှာတွေ ၊ ထိခိုက်မှာတွေ ၊ ခဏလေးနဲ့ ပြီးသွားမှာလား အချိန်အကြာကြီး ဖြစ်နေမလား၊ အဲဒီလိုမျိုး စိုးရိမ်တထိတ်ထိတ်ပေါ့။ ညဖြစ်မလား နေ့ဖြစ်မလား ပေါ့နော်။ " လို့ ဒေသခံက ဆိုပါတယ်။
အကြမ်းဖက်...
မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ၊၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။
နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
" (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။"လို့...
မှော်စီစာမြေစာပုံပြိုကျမှု အဖွဲ့(၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်ကြာ အလောင်းရှာဖွေမှု ပြုလုပ်သွားမည်
ဒီဇင်ဘာ၊၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။
ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
" ကျွန်တော်တို့ မနက် (၉)...











