မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ၊၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။
နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
" (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။"လို့...
မှော်စီစာမြေစာပုံပြိုကျမှု အဖွဲ့(၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်ကြာ အလောင်းရှာဖွေမှု ပြုလုပ်သွားမည်
ဒီဇင်ဘာ၊၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။
ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
" ကျွန်တော်တို့ မနက် (၉)...
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ယူပေးတဲ့သူတွေကို KIA တိုက်ခိုက်
အောက်တိုဘာ၊၄
တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက်...
ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်
နို၀င်ဘာ၊၁၄
ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။
မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
"မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက...
အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လ ကျေးရွာမှာ ကိုဗစ်ကူးစက်သူ (၄၀၀) ကျော်ရှိလာပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်
အောက်တိုဘာ၊၂၈
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်ကူးစက်တာတွေ များပြားလာပြီး အောက်တိုဘာ (၂၆) ရက်နေ့စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေ( ၄၀၀)အထိရှိခဲ့တာကြောင့် ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
"အခုလောလောဆယ် ကိုဗစ်ဖြစ်နေတော့ အချင်းချင်းကူညီဖို့ကလည်း ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ပြီးတော့ အားရှိတဲ့အစားအစာတွေ လိုအပ်နေတယ်။ ဒီမှာရှိတာက ကြက်သွန်နဲ့ တောင်ယာက ထွက်တဲ့သီးနှံတွေပဲရှိတာ။" လို့ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
ဖျားနာသူ တွေဟာ နှာစေး၊ ချောင်းဆို၊ ခေါင်းကိုက်၊...
ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ
စက်တင်ဘာ၊၃၀
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။"လို့ ဒေသခံက...
လဝါးကျေးရွာ အကျော်မှာ ဆိုင်ကယ်စီးပြန်လာသူ နှစ်ဦးကို စစ်ကောင်စီ ပစ်ခတ်၊ ဒဏ်ရာပြင်းထန်ဟုဆို
စက်တင်ဘာ၊၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအကျော်မှာ ခြံထဲကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ညနေ(၃)နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခြံထဲကနေ ဝက်စာပင်ခုတ်ပြီး ပြန်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒဏ်ပြင်းထန်မှုကြောင့် အမျိုးသားဖြစ်သူရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာနဲ့တော့ သိပ်မဝေးဘူး။ ခြံကနေ ဆိုင်ကယ် စီးပြီး ပြန်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ပစ်လိုက်တာ။...
မြစ်ကြီးနား-ပူတာအိုကားလမ်း ပြန်ဖွင့်ပြီ
စက်တင်ဘာ၊၂၁
မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။" ဟုဆိုသည်။
မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈)...
ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ
စက်တင်ဘာ၊၂၀
ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။
အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။
"စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...
ဖားကန့်မြို့မှာ MPT ဖုန်းလိုင်းပြတ်တောက်နေ
ဒီဇင်ဘာ၊၆
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီကနေစပြီး MPTဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
"ဟုတ်တယ် MPTဖုန်းတွေက ဒီမနက်မှာ ဖုန်းလိုင်းအကုန်ပျောက်ပြီ။ မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း MPT ဖုန်းတွေ ဆက်လို့မရကြောင်းနဲ့ ဆက်သွယ်မှုဧရိယာပြင်ပပဲ ရောက်ရှိနေတယ်လို့ National Unity Media(NUM) ကို ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး...











