Home Tags ပူတာအို

Tag: ပူတာအို

အဖွဲ့၀င်တစ်ဦး ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ပူတာအိုက လုံစွတ်(Lungsut Volunteer Group) ယာယီရပ်နားမည်

စက်တင်ဘာလ၊၂၇ ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လုံစွတ်(Lungsut Volunteer Group)မှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် အသင်းရုံးနဲ့ လုပ်ငန်းတာဝန်တွေကို ယာယီရပ်နားသွားမယ်လို့ သိရပါတယ်။ အဖွဲ့၀င် တစ်ဦးကို စက်တင်ဘာလ(၂၆)ရက်နေ့ ညနေ(၅)နာရီက Test Kit စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်ကြာ Lockdown ချပြီး ယာယီရပ်နားသွားမှာ ဖြစ်တယ်လို့ လုံစွတ်(Lungsut Volunteer Group)တာဝန်ခံ က National Unity Media(NUM)ကို ပြောပါတယ်။ "ကျွန်တော်တို့က Test Kit...

မြစ်ကြီးနား-ပူတာအိုကားလမ်း ပြန်ဖွင့်ပြီ

စက်တင်ဘာ၊၂၁ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ "ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။" ဟုဆိုသည်။ မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈)...

ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ

စက်တင်ဘာ၊၂၀ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။ အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။ "စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...

လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွမှာ စစ်တပ်က တပ်စွဲနေထိုင်လို့ ဒေသခံများ ထိတ်လန့်နေ

ဩဂုတ်၊၃၀ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာ(Tan Ja)‌ ကျေးရွာမှာ နေနေသေးတဲ့ ကျေးရွာနေပြည်တွေရဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတူလာရောက်နေထိုင်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ အခုလို ရွာအတွင်းက နေအိမ်တွေမှာ တပ်စခန်းချ နေထိုင်နေတာ‌ကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ "ရွာထဲမှာ စစ်သားအင်အား(၃၀)ကျော်လောက်ရှိနိုင်တယ်။ ပြည်သူတွေရဲ့ အိမ်မှာ လိုက်နေ နေကြတယ်။ သူတို့က ပြည်သူတွေကို cover(အကာအကွယ်)လုပ်တယ်လို့ မြင်တယ်။...