စက်တင်ဘာလ၊၂၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လုံစွတ်(Lungsut Volunteer Group)မှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် အသင်းရုံးနဲ့ လုပ်ငန်းတာဝန်တွေကို ယာယီရပ်နားသွားမယ်လို့ သိရပါတယ်။

အဖွဲ့၀င် တစ်ဦးကို စက်တင်ဘာလ(၂၆)ရက်နေ့ ညနေ(၅)နာရီက Test Kit စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်ကြာ Lockdown ချပြီး ယာယီရပ်နားသွားမှာ ဖြစ်တယ်လို့ လုံစွတ်(Lungsut Volunteer Group)တာဝန်ခံ က National Unity Media(NUM)ကို ပြောပါတယ်။

“ကျွန်တော်တို့က Test Kit ကို တစ်ပတ် တစ်ခါစစ်တယ်။ ပုံမှန်စစ်ဆေးမှု ပြုလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ထဲက Member(အဖွဲ့၀င်) တစ်ယောက်က ပိုးထိထားတယ်။အဲဒါကြောင့် ရုံးကို Lockdown ချပြီး ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေကို နှစ်ပတ်လောက် ခဏလေး နားထားပါမယ်ခင်ဗျ။”လို့ တာ၀န်ခံက ဆိုပါတယ်။

လုံစွတ်(Lungsut Volunteer Group)ဟာ ကိုဗစ်တတိယလှိုင်း ကတည်းက ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။