Tag: KIA
ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်
နို၀င်ဘာ၊၁၄
ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။
မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
"မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက...
မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က(၁၆) မိုင်နဲ့ (၁၈) ကြား စစ်ကောင်စီ ကားနှစ်စီးကို လက်နက်ကြီး(RPG) နဲ့ KIA ပစ်ခတ်
နို၀င်ဘာ၊၂
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။
"ဖြတ်သွားတဲ့ကားကို...
ရှိန်လုံကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
အောက်တိုဘာလ(၂၈)
ကချင်ပြည်နယ်၊ တနိုင်းမြို့ နဲ့ ရှင်ဗွေယန်မြို့ လမ်းမပေါ်က ရှိန်လုံကျေးရွာနားမှာ တနိုင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ မနေ့က အောက်တိုဘာလ(၂၇)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းကို ရှိန်လုံကျေးရွာအဝင်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
"မနေ့က လဂျားဘွမ်မှာ ပျောက်သွားတဲ့ စစ်ကြောင်းကို ရှိန်လုံရွာဝင်ခါနီးမှာ KIA ကနေ...
အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမယ်လို့ KIO/KIA ဥက္ကဌ ပြော
အောက်တိုဘာ၊၂၅
ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း(KIO)၊ (၆၁) နှစ်ပြည့်အထိမ်းအမှတ်နေ့ မှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး KIO/KIA အနေနဲ့ အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အချိန်တွေမှာ မြန်မာနိုင်ငံအတွင်း ဘယ်အစိုးရပဲ တက်လာတက်လာ လူမျိုးကြီးဝါဒကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ဆန္ဒတွေ လျစ်လျူရှုခဲ့တဲ့ လုပ်ရပ်တွေပဲ ရှိခဲ့တာကြောင့် တိုင်းရင်းသားတွေ စတင်တော်လှန်ခဲ့ကြတယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။
တိုင်းရင်သားတွေအနေနဲ့...
ဒွမ်ဘန် တပ်စခန်းကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ စစ်ကား အစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်း (၂)ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ
အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။
"ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန်...
မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ၊၉
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။
နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
" (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။"လို့...
စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မန်ပန်ရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်
အောက်တိုဘာ၊၉
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု မန်ပန်ကျေးရွာမှာ မနေ့က နေ့လယ် (၁)နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လက်ရှိ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ရှထူးဇွပ်ကနေ ခြေလျင်နဲ့ ဆင်းလာတဲ့ စစ်သားတွေကို KIAကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အပြီး မန်ပန်ရွာထိပ်မှာ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်ကနေ ရွာအတွင်း ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မန်ပန် ရွာထိပ်မှာ...
နောင်းမီနဲ့မန်ပန်ကျေးရွာကြားက စစ်ကောင်စီ စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်
အောက်တိုဘာ၊၈
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု၊ နောင်းမီနဲ့ မန်ပန်ကျေးရွာကြားက ရဲဘက်စခန်း အနီးမှာ ရှထူးဇွပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၁၀)နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ရှထူးဇွပ် ကျေးရွာကနေ ခြေလျင်နဲ့ ဆင်းလာတာ ဖြစ်ပြီး လူအင်အား ခန့်မှန်းခြေ(၂၀၀)ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ရှထူးဇွပ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေမနေ့က ဆင်းလာပြီး မနေ့ညက တော့ သူတို့ နောင်းမီမှာ...
ရှဒူးဇွပ်ကျေးရွာက ခြေကျင်တက်လာတဲ့ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ
အောက်တိုဘာ၊ ၇
ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားရှိ တရုတ်တံတားမှာ ရှဒူးဇွပ်ကျေးရွာကနေ ခြေကျင်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီ တပ်တွေအနေနဲ့ ဒီကနေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၇) နာရီခွဲ နဲ့ (၈) နာရီ ချိန်လောက်က ရှဒူးဇွပ်ကျေးရွာကနေ နှစ်ဖွဲ့ခွဲပြီး...
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ၊ ၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
" လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက်...









