လဝါးကျေးရွာက စစ်ဘေးရှောင်တွေအတွက် ဆေးဝါး အရေးတကြီးလိုအပ်နေ

အောက်တိုဘာ၊၁၁ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာက စစ်ဘေးတိမ်းရှောင်‌နေရတဲ့ နေရာတွေမှာ ခုရက်ပိုင်းအတွင်း ဖျားနာမှုတွေ များပြားလာတာကြောင့် ဆေးဝါး‌တွေ အရေးတကြီး လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတွေဆီက‌နေ သိရပါတယ်။ လက်ရှိအချိန် အဲဒီတိမ်းရှောင်တဲ့နေရာတွေမှာ ကိုဗစ်‌ ရောဂါ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊အနံ့ပျောက်တာနဲ့ ဖျားနာတာတွေ ဖြစ်ပွားနေတာကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။ “ဆေးဝါးတွေ လိုအပ်နေတယ်။ကျွန်တော်တို့ဆီမှာက ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြည့်ပေး စစ်ဆေးပေးမယ့် ဆေးကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပိုခက်ခဲပါတယ်။”လို့...

စစ်ကောင်စီတပ်စခန်းကနေ ဆိုင်းဖရာကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

နို၀င်ဘာ၊၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ နန်ယားတပ်စခန်းကနေ ညအချိန် လက်နက်ကြီး ၁၀၉ မမ တွေနဲ့ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " အဲဒီလိုလက်နက်ကြီးနဲ့ ပစ်တော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက အရမ်းကြောက်ပြီး တုန်ပြီးနေနေကြရတယ်။ တစ်ချို့က နှလုံးရောဂါရှိတဲ့သူတွေက သေတောင်သေသွားနိုင်တယ်။ ရုတ်တရက်ဆိုတော့လေ။ဘာမှမဖြစ်တဲ့ သာမန်လူတွေတောင် အရမ်းကြောက်မိတာ လက်တွေ၊...

လဂျားဘွမ်နဲ့ တရုံကြားမှာ စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာ၊၁၁ Soldier-KIAကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လဂျားဘွမ်နဲ့ တရုံကျေးရွာ ကြားမှာ တနိုင်းဘက်ကနေ ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား (၈၀)လောက်ကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(MHH) ကနေ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မနက်(၇)နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေကနေ အနီးအနားကို လက်နက် ကြီး/ငယ်တွေနဲ့ တစ်နာရီလောက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "လက်နက်ကြီး/ငယ်နဲ့ ရမ်းသမ်းပြီး ပြန်ပစ်ကြတယ်။ မိုင်းဆွဲသံက...

နောင်းမီနဲ့မန်ပန်ကျေးရွာကြားက စစ်ကောင်စီ စစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်

အောက်တိုဘာ၊၈ ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု၊ နောင်းမီနဲ့ မန်ပန်ကျေးရွာကြားက ရဲဘက်စခန်း အနီးမှာ ရှထူးဇွပ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၁၀)နာရီလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ရှထူးဇွပ်‌ ကျေးရွာကနေ ခြေလျင်နဲ့ ဆင်းလာတာ ဖြစ်ပြီး လူအင်အား ခန့်မှန်းခြေ(၂၀၀)ဝန်းကျင်လောက် ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " ရှထူးဇွပ်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေမနေ့က ဆင်းလာပြီး မနေ့ညက‌ တော့ သူတို့ နောင်းမီမှာ...

ဖားကန့်မြို့မှာ MPT ဖုန်းလိုင်းပြတ်တောက်နေ

ဒီဇင်ဘာ၊၆ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီကနေစပြီး MPTဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ "ဟုတ်တယ် MPTဖုန်းတွေက ဒီမနက်မှာ ဖုန်းလိုင်းအကုန်ပျောက်ပြီ။ မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း MPT ဖုန်းတွေ ဆက်လို့မရကြောင်းနဲ့ ဆက်သွယ်မှုဧရိယာပြင်ပပဲ ရောက်ရှိနေတယ်လို့ National Unity Media(NUM) ကို ပြောပါတယ်။ ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး...

ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ

နိုဝင်ဘာ၊၉ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် ထားတာကြောင့် ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ "ဒေသခံတွေက ပစ်ခတ်မှုကြောင့် ကြားထဲမှာရောက်ပြီးမှ အိမ်မီးလောင်မှာတွေ ၊ ထိခိုက်မှာတွေ ၊ ခဏလေးနဲ့ ပြီးသွားမှာလား အချိန်အကြာကြီး ဖြစ်နေမလား၊ အဲဒီလိုမျိုး စိုးရိမ်တထိတ်ထိတ်ပေါ့။ ညဖြစ်မလား နေ့ဖြစ်မလား ပေါ့နော်။ " လို့ ဒေသခံက ဆိုပါတယ်။ အကြမ်းဖက်...

မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း

နို၀င်ဘာ၊၁၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊‌ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာက‌နေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိ‌တော့တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူ‌နာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့...

သန္နီခရိုင်အတွင်းက တိုက်ပွဲမှာ MNDAA စနိုက်ဘာသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့လည်း သိမ်းဆည်းရမိ

နိုဝင်ဘာ၊၁၁ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA...

မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ၊၉ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။ နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။ " (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။"လို့...

ဝါရာဇွပ်ကျေးရွာအုပ်စုမှာ စံပြပြည်သူ့စစ်၊ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးတပ်သားတွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ၊၂ ဖားကန့်မြို့နယ်၊ဝါရာဇွပ်‌ကျေးရွာအုပ်က ယုဇန ကုမ္ပဏီလမ်း ဖောက်လုပ်ထားတဲ့ တရုတ်တံတားအကျော်မှာ စံပြပြည်သူ့စစ်တွေနဲ့အတူ စစ်ကောင်စီတပ် ယာဉ်တန်းဆင်းလာချိန်ကို လုံခြုံရေးယူပေး‌‌နေတဲ့ တပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တို့ ဒီကနေ့ မနက်(၈)နာရီလောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စံပြ ပြည်သူ့စစ်က စစ်သားတွေနဲ့ စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "တရုတ်တံတားအကျော်မှာ ဖြစ်တာ။ စံပြပြည်သူ့စစ် ကား(၂)စီးရော ဆင်းလာတယ်။ စစ်သားတွေရော ပါတယ်။...