ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ

စက်တင်ဘာ၊၂၀ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။ အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။ "စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...

ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ

နိုဝင်ဘာ၊၁၃ မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...

ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအဖွဲ့နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ၊ ၆ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအဝင်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကို လုံခြုံရေး ယူပေးတဲ့အဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ တိုက်ပွဲဲမှာ ဒီကနေ့ အောက်တိုဘာလ (၆) ရက်နေ့ နံနက် (၆) နာရီချိန်တည်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ (၁၀) နာရီချိန်လောက်ထိ နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ " လုံခြုံရေး ယူတဲ့အဖွဲ့နဲ့ ဒီမနက်...

အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမယ်လို့ KIO/KIA ဥက္ကဌ ပြော

အောက်တိုဘာ၊၂၅ ကချင်လွတ်​မြောက်​ရေး အဖွဲ့အစည်း(KIO)၊ (၆၁) နှစ်ပြည့်အထိမ်းအမှတ်​နေ့ မှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ​က မြန်မာနိုင်ငံအ​ရေးနဲ့ ပက်သက်ပြီး KIO/KIA အ​နေနဲ့ အာဏာရှင်ကို အဆုံးထိ တိုက်ထုတ်တွန်းလှန်သွားမှာ ဖြစ်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အချိန်​တွေမှာ မြန်မာနိုင်ငံအတွင်း ဘယ်အစိုးရပဲ တက်လာတက်လာ လူမျိုးကြီးဝါဒကိုသာ ဦးစား​ပေး လုပ်​ဆောင်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်း​တွေရဲ့ ဆန္ဒ​တွေ လျစ်လျူရှုခဲ့တဲ့ လုပ်ရပ်​တွေပဲ ရှိခဲ့တာ​ကြောင့် တိုင်းရင်းသား​တွေ ​စတင်​တော်လှန်ခဲ့ကြတယ်လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။ တိုင်းရင်သား​တွေအ​နေနဲ့...

ဆိုင်ကယ်လုယက်မှု‌ကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

‌နို၀င်ဘာ၊၂ ၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီလူငယ်ကို ဒီက​နေ့ နိုဝင်ဘာလ (၂) ရက်​နေ့ ည​နေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာ​ရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။ " ကားဖြူနဲ့ လူနှစ်​ယောက်​ရောက်လာတာ သန်းထိုက်​​ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ ​မေး​တော့...

ဒွမ်ဘန် တပ်စခန်းကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ စစ်ကား အစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်း (၂)ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊၁၁ ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။   စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။   "ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန်...

စစ်ကောင်စီတပ်စခန်းကနေ ဆိုင်းဖရာကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

နို၀င်ဘာ၊၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။ နန်ယားတပ်စခန်းကနေ ညအချိန် လက်နက်ကြီး ၁၀၉ မမ တွေနဲ့ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ " အဲဒီလိုလက်နက်ကြီးနဲ့ ပစ်တော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက အရမ်းကြောက်ပြီး တုန်ပြီးနေနေကြရတယ်။ တစ်ချို့က နှလုံးရောဂါရှိတဲ့သူတွေက သေတောင်သေသွားနိုင်တယ်။ ရုတ်တရက်ဆိုတော့လေ။ဘာမှမဖြစ်တဲ့ သာမန်လူတွေတောင် အရမ်းကြောက်မိတာ လက်တွေ၊...

အဖွဲ့၀င်တစ်ဦး ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ပူတာအိုက လုံစွတ်(Lungsut Volunteer Group) ယာယီရပ်နားမည်

စက်တင်ဘာလ၊၂၇ ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လုံစွတ်(Lungsut Volunteer Group)မှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် အသင်းရုံးနဲ့ လုပ်ငန်းတာဝန်တွေကို ယာယီရပ်နားသွားမယ်လို့ သိရပါတယ်။ အဖွဲ့၀င် တစ်ဦးကို စက်တင်ဘာလ(၂၆)ရက်နေ့ ညနေ(၅)နာရီက Test Kit စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်ကြာ Lockdown ချပြီး ယာယီရပ်နားသွားမှာ ဖြစ်တယ်လို့ လုံစွတ်(Lungsut Volunteer Group)တာဝန်ခံ က National Unity Media(NUM)ကို ပြောပါတယ်။ "ကျွန်တော်တို့က Test Kit...

သန္နီခရိုင်အတွင်းက တိုက်ပွဲမှာ MNDAA စနိုက်ဘာသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့လည်း သိမ်းဆည်းရမိ

နိုဝင်ဘာ၊၁၁ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA...

မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း

နို၀င်ဘာ၊၁၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊‌ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာက‌နေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိ‌တော့တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူ‌နာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့...