သန္နီခရိုင်အတွင်းက တိုက်ပွဲမှာ MNDAA စနိုက်ဘာသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့လည်း သိမ်းဆည်းရမိ

နိုဝင်ဘာ၊၁၁ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA...

KBC ဗဟိုအတွင်းရေးမှူး Rev.တူးမိုင်ကို လာရာက်ဖမ်းဆီးခြင်းမဟုတ်ဘဲ ညှိနှိုင်းစကားပြောဆိုခြင်းသာဖြစ်ဟု KBC ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ပြော

ဩဂုတ်၊၂၇ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC )ဗဟိုအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Rev.တူးမိုင်ကို မနေ့က လာရောက် ဖမ်းဆီးဖို့ လုပ်ဆောင်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ KBCဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြန်လည် ဖြေရှင်းလိုက်ပါတယ်။ KBCအသင်းတော်ရဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီး ဆုတောင်းစာကို ဘာသာတူအသင်းတော်‌တွေဆီ ဖြန့်ဝေတဲ့စာထဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော်ကို ထိပါးစေတယ် ဆိုတဲ့ အချက်(၂)ချက်ပါတယ်ဆိုပြီး ညှိနှိုင်းနေစဉ်အတွင်းမှာပဲ Rev. တူးမိုင် ကို ရဲတွေက လာရောက်တွေ့ဆုံ စကားပြောခြင်းသာ...

မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက်ရှိနေ

အောက်တိုဘာ၊၁၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်အုပ်စု (၁၀) မိုင်ကျေးရွာမှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက် ရှိနေပြီဖြစ်တယ်လို့ ကိုဗစ် စေတနာ့၀န်ထမ်း(Volunteer)လုပ်နေတဲ့ လူငယ်တစ်ဦးဆီကနေ သိရပါတယ်။ ကိုဗစ် Volunteer တွေအနေနဲ့ ဆယ်မိုင်ရွာတွင်း စျေးပြန်လည် ဖွင့်ပြီးတဲ့နောက်ပိုင်း ကိုဗစ်ပြန်လည် ဖြစ်ပွားမှုနှုန်း များပြားလာတာဖြစ်ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေ ရှိတဲ့အိမ်တွေကို အသင်းတော်ကနေပြီးတော့ အစားအ‌သောက်ထောက်ပံ့ပေးတာတွေ ပိုးသတ်ဆေး ဖြန်းပေးတာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ " အရင်တော့ နည်းနည်း သက်သာတယ်။ ခုတစ်လော မနက်စျေး...

ဒွမ်ဘန်နဲ့ ခွမ်ဆိုင်ယန်ကျေးရွာကြားက စစ်ကောင်စီစစ်‌ကြောင်းကို KIA မိုင်းခွဲတိုက်ခိုက်

အောက်တိုဘာ၊ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာနဲ့ ခွမ်ဆိုင်ယန် ကျေးရွာကြားမှာ အင်အား(၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အပြင် ခွန်ဆိုင်ယန်ကျေးရွာမရောက်မီ ရှရော်ပါမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။ “မိုင်းတစ်လုံးခွဲတယ်တဲ့။ ခွန်ဆိုင်ယန်မရောက်ခင် ရှရော်ပါမှာ နောက်တစ်လုံး ထပ်ခွဲပေးတယ်။ ဒွန်ဘန်နဲ့ ခွန်ဆိုင်ယန်...

ပိုမိုဆိုးရွားလာနေတဲ့ မြစ်ဆုံဒေသ ရွှေတူးဖော်မှု ဝိုင်း၀န်း အဖြေရှာ ဖြေရှင်းစေလို

ဒီဇင်ဘာ၊၂၉ ကချင်ပြည်နယ်၊ မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုဟာ ရပ်ဆိုင်းသွားတာမျိုးမရှိဘဲ ပိုမို ဆိုးရွားလာ‌နေ တဲ့အတွက် ပြည်သူတွေအားလုံး ဝိုင်းဝန်အဖြေရှာ ဖြေရှင်းကြဖို့ တောင်းဆိုလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးဆီကို ကန့်ကွက်စာတွေ ပေးပို့တိုင်ကြားတာတွေ လုပ်ခဲ့ပေမယ့် တစ်စုံတရာ ထူးခြားမှု မရှိလာတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းအဖြေရှာကြဖို့ လိုတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "ဒေသခံတွေက အမြဲတမ်းခံနေရတယ်။ အမြဲတမ်းစိတ်ပူနေရပြီ။ ပုံကို ကြည့်လိုက်တာနဲ့...

ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ

နိုဝင်ဘာ၊၁၃ မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...

လဂျားဘွမ်ကျေးရွာကြားမှာ စစ်ကောင်စီ အရာရှိတွေ စီးနင်းလာတဲ့ အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး

အောက်တိုဘာ၊ ၂၄ ကချင်ပြည်နယ်၊ ရှင်​ဗွေယန်မြို့နယ်၊ လဂျားဘွမ်​ကျေးရွာကြားမှာ တနိုင်းဘက်က တက်လာတဲ့ အိမ်စီးကား (၂) စီးကို စစ်​ကောင်စီတပ်‌တွေရဲ့ကားဖြစ်​ကြောင်း ယူဆပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်​ရေးတပ် (MHH) တပ်​တွေက​နေ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံတစ်ဦးဆီက​နေ သိရပါတယ်။ အဲဒီကားတွေဟာ HILUX နဲ့ NOAH တွေဖြစ်ပြီး တနိုင်းဘက်က​နေ ရှင်​ဗွေယန်ဘက်ကို အင်အားဖြည့်ဖို့သွားလိုက်တဲ့ စစ်​ကောင်စီတပ်​တွေ​နောက်ကို လိုက်လာတဲ့ အကြမ်းဖက်စစ်​ကောင်စီရဲ့ အရာရှိ​တွေစီးလာတဲ့ ကားလို့ ယူဆပြီး ဒီက​နေ့ ​အောက်တိုဘာလ...

ရှဒူးဇွပ်ကျေးရွာက ခြေကျင်တက်လာတဲ့ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၇ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားရှိ တရုတ်တံတားမှာ ရှဒူးဇွပ်ကျေးရွာကနေ ခြေကျင်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်တွေအနေနဲ့ ဒီကနေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၇) နာရီခွဲ နဲ့ (၈) နာရီ ချိန်လောက်က ရှဒူးဇွပ်ကျေးရွာကနေ နှစ်ဖွဲ့ခွဲ​ပြီး...

မှော်စီစာမြေစာပုံပြိုကျမှု အဖွဲ့(၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်ကြာ အလောင်းရှာဖွေမှု ပြုလုပ်သွားမည်

ဒီဇင်ဘာ၊၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။ ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်‌နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ " ကျွန်တော်တို့ မနက် (၉)...

စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နှင့်တွေ့ဆုံမေးမြန်းခြင်း။

စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ အမိန့်ပေးနေတဲ့စစ်ကောင်စီအနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး ချင်းပြည်နယ်၊ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၆၀) ကျော်နဲ့ နဲ့ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း မီးလောင်ကျွမ်း ပြာကျခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေကို PDF တွေကနေလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို...