အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လ ကျေးရွာမှာ ကိုဗစ်ကူးစက်သူ (၄၀၀) ကျော်ရှိလာပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်

အောက်တိုဘာ၊၂၈ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်ကူးစက်တာတွေ များပြားလာပြီး အောက်တိုဘာ (၂၆) ရက်နေ့စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေ( ၄၀၀)အထိရှိခဲ့တာကြောင့် ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ "အခုလောလောဆယ် ကိုဗစ်ဖြစ်နေတော့ အချင်းချင်းကူညီဖို့ကလည်း ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ပြီးတော့ အားရှိတဲ့အစားအစာတွေ လိုအပ်နေတယ်။ ဒီမှာရှိတာက ကြက်သွန်နဲ့ တောင်ယာက ထွက်တဲ့သီးနှံတွေပဲရှိတာ။" လို့ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ ဖျားနာသူ တွေဟာ နှာစေး၊ ချောင်းဆို၊ ခေါင်းကိုက်၊...

ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ

စက်တင်ဘာ၊၂၀ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။ အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။ "စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...

အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲပါဝင်

ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန် မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ်...

လဝါးကျေးရွာက စစ်ဘေးရှောင်တွေအတွက် ဆေးဝါး အရေးတကြီးလိုအပ်နေ

အောက်တိုဘာ၊၁၁ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာက စစ်ဘေးတိမ်းရှောင်‌နေရတဲ့ နေရာတွေမှာ ခုရက်ပိုင်းအတွင်း ဖျားနာမှုတွေ များပြားလာတာကြောင့် ဆေးဝါး‌တွေ အရေးတကြီး လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတွေဆီက‌နေ သိရပါတယ်။ လက်ရှိအချိန် အဲဒီတိမ်းရှောင်တဲ့နေရာတွေမှာ ကိုဗစ်‌ ရောဂါ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊အနံ့ပျောက်တာနဲ့ ဖျားနာတာတွေ ဖြစ်ပွားနေတာကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။ “ဆေးဝါးတွေ လိုအပ်နေတယ်။ကျွန်တော်တို့ဆီမှာက ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြည့်ပေး စစ်ဆေးပေးမယ့် ဆေးကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပိုခက်ခဲပါတယ်။”လို့...

စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း KIA နဲ့ ထပ်မံ တိုက်ပွဲပြင်းထန်

စက်တင်ဘာ၊၂၃ ဒီကနေ့ နမ္မတီးဘက်ကနေ တက်လာတဲ့ စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ခြေလျင်နဲ့ စစ်ကြောင်း ပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ လွယ်လီချောင်းအကျော် ဒွမ်ဘွမ်‌ အောက်ဘက်မှာရှိတဲ့ တာဝါတိုင်အနီးမှာ ညနေ(၆)နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကားတွေဟာ ဒီကနေ့ မိုးကောင်းမြို့နယ်၊ မရန်ကထောင်အကျော် မကောက်ဇွပ်ကုန်းမှာ နားနေချိန် မိုင်းခွဲတိုက်ခိုက်ခံရပြီး ခြေလျင်နဲ့ ပြန်လည် စစ်ကြောင်းဆင်ခဲ့တယ်လို့ သိရပါတယ်။ စစ်သားတွေဟာ လွယ်လီချောင်းအကျော်ကနေ (၂)မိုင်လောက်ဝေးတဲ့ တာဝါတိုင်အနီးမှာ KIAနဲ့ ထိပ်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာ...

ရှဒူးဇွပ်ကျေးရွာက ခြေကျင်တက်လာတဲ့ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၇ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနဲ့ နောင်းမီကျေးရွာကြားရှိ တရုတ်တံတားမှာ ရှဒူးဇွပ်ကျေးရွာကနေ ခြေကျင်နဲ့ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ အနီးနားမှာရှိတဲ့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်တွေအနေနဲ့ ဒီကနေ့ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၇) နာရီခွဲ နဲ့ (၈) နာရီ ချိန်လောက်က ရှဒူးဇွပ်ကျေးရွာကနေ နှစ်ဖွဲ့ခွဲ​ပြီး...

ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေ

နိုဝင်ဘာ၊၉ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာဘုန်းကြီးကျောင်းတွေနဲ့ ဒေသခံနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင် ထားတာကြောင့် ထိခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကို ပြောပါတယ်။ "ဒေသခံတွေက ပစ်ခတ်မှုကြောင့် ကြားထဲမှာရောက်ပြီးမှ အိမ်မီးလောင်မှာတွေ ၊ ထိခိုက်မှာတွေ ၊ ခဏလေးနဲ့ ပြီးသွားမှာလား အချိန်အကြာကြီး ဖြစ်နေမလား၊ အဲဒီလိုမျိုး စိုးရိမ်တထိတ်ထိတ်ပေါ့။ ညဖြစ်မလား နေ့ဖြစ်မလား ပေါ့နော်။ " လို့ ဒေသခံက ဆိုပါတယ်။ အကြမ်းဖက်...

အဖွဲ့၀င်တစ်ဦး ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ပူတာအိုက လုံစွတ်(Lungsut Volunteer Group) ယာယီရပ်နားမည်

စက်တင်ဘာလ၊၂၇ ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လုံစွတ်(Lungsut Volunteer Group)မှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် အသင်းရုံးနဲ့ လုပ်ငန်းတာဝန်တွေကို ယာယီရပ်နားသွားမယ်လို့ သိရပါတယ်။ အဖွဲ့၀င် တစ်ဦးကို စက်တင်ဘာလ(၂၆)ရက်နေ့ ညနေ(၅)နာရီက Test Kit စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်ကြာ Lockdown ချပြီး ယာယီရပ်နားသွားမှာ ဖြစ်တယ်လို့ လုံစွတ်(Lungsut Volunteer Group)တာဝန်ခံ က National Unity Media(NUM)ကို ပြောပါတယ်။ "ကျွန်တော်တို့က Test Kit...

ဆိုင်ကယ်လုယက်မှု‌ကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

‌နို၀င်ဘာ၊၂ ၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီလူငယ်ကို ဒီက​နေ့ နိုဝင်ဘာလ (၂) ရက်​နေ့ ည​နေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာ​ရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။ " ကားဖြူနဲ့ လူနှစ်​ယောက်​ရောက်လာတာ သန်းထိုက်​​ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ ​မေး​တော့...

KNU/ KNLA နှင့် စစ်ကောင်စီတို့ ယမန်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု (၅) ကြိမ်အတွင်း စစ်ကောင်စီဘက်က (၁၄) ဦးသေ၊ (၉) ဦးဒဏ်ရာရ

အောက်တိုဘာ ၂၅ ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂)၊ BGF -၁၀၁၃ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့ တို့အကြား ယမန်နေ့ အောက်တိုဘာ (၂၄) ရက်နေ့က (၁) ရက်ထဲတွင် ထိတွေ့ပစ်ခတ်မှု (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၄) ဦးသေဆုံးကာ...