ဝိုင်းမော်မြို့ (၅၈) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကြောင့် မဒိန်ကျေးရွာမှ ဒေသခံတစ်ဦး သေဆုံး
ဝိုင်းမော်မြို့၊ (၅၈)တပ်ရင်းမှ လက်နက်ကြီး/ငယ်များနှင့် ပစ်ခတ်ခဲ့ရာမှ မဒိန်ကျေးရွာသား တစ်ဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မဒိန်ဒေသခံ ဦးလုံဘန်ခေါဇုန်းသည် တောင်ယာသွားစဉ် စစ်တပ် နောက်ဘက်အရောက်တွင် လက်နက်ကြီးထိမှန်ပြီးသေဆုံး နေသည်ကို တောင်ယာသွားသူများက တွေ့မြင်ပြီး ယခုချိန် ဝိုင်းမော်ဆေးရုံးသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဒေသခံအများစု၏ တောင်ယာသွားရာလမ်းသည်( ၅၈) တပ်ရင်းနောက်ဘက် အင်မြန်းခ (N Myen Hka) ချောင်းမှ သွားနေရခြင်းဖြစ်ပြီး ယနေ့တွင်လည်း တပ်စခန်းက အထင်မှားပြီးပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း...
ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေရှုံးပေါ်နေတာကြောင့် စား၀တ်နေရေးအတွက် စိုးရိမ်နေရ
နိုဝင်ဘာ၊၁၃
မြစ်ကြီးနားမြို့ ၊ နန်းကွေ့ကျေးရွာအုပ်စုက ကဘူဒမ်းစစ်ရှောင်ပြည်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ စပါးခင်းအရှုံးပေါ်နေတာကြောင့် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာဘက်မှာ စိုက်ပျိုးထားတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ စပါးခင်းဟာ အခုနှစ် ရာသီဥတု အခြေအနေကြောင့် စပါးပင်တွေပျက်စီးပြီး ရိတ်သိမ်းစရာမရှိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ အခုလို ကာလမှာ စစ်ရှောင်ပြည်သူတွေ ရင်းနှီးထားရတဲ့ စပါးခင်းပျက်စီးသွားတာကြောင့် မိသားစုစားဝတ်နေရေး ပူပန်နေရတယ်လို့ ကဘူဒမ်းစစ်ရှောင်စခန်း တာဝန်ခံက National Unity...
မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက်ရှိနေ
အောက်တိုဘာ၊၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်အုပ်စု (၁၀) မိုင်ကျေးရွာမှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက် ရှိနေပြီဖြစ်တယ်လို့ ကိုဗစ် စေတနာ့၀န်ထမ်း(Volunteer)လုပ်နေတဲ့ လူငယ်တစ်ဦးဆီကနေ သိရပါတယ်။
ကိုဗစ် Volunteer တွေအနေနဲ့ ဆယ်မိုင်ရွာတွင်း စျေးပြန်လည် ဖွင့်ပြီးတဲ့နောက်ပိုင်း ကိုဗစ်ပြန်လည် ဖြစ်ပွားမှုနှုန်း များပြားလာတာဖြစ်ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေ ရှိတဲ့အိမ်တွေကို အသင်းတော်ကနေပြီးတော့ အစားအသောက်ထောက်ပံ့ပေးတာတွေ ပိုးသတ်ဆေး ဖြန်းပေးတာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
" အရင်တော့ နည်းနည်း သက်သာတယ်။ ခုတစ်လော မနက်စျေး...
မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က(၁၆) မိုင်နဲ့ (၁၈) ကြား စစ်ကောင်စီ ကားနှစ်စီးကို လက်နက်ကြီး(RPG) နဲ့ KIA ပစ်ခတ်
နို၀င်ဘာ၊၂
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။
"ဖြတ်သွားတဲ့ကားကို...
သန္နီခရိုင်အတွင်းက တိုက်ပွဲမှာ MNDAA စနိုက်ဘာသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့လည်း သိမ်းဆည်းရမိ
နိုဝင်ဘာ၊၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA...
ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ
စက်တင်ဘာ၊၃၀
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။"လို့ ဒေသခံက...
လဝါးကျေးရွာ အကျော်မှာ ဆိုင်ကယ်စီးပြန်လာသူ နှစ်ဦးကို စစ်ကောင်စီ ပစ်ခတ်၊ ဒဏ်ရာပြင်းထန်ဟုဆို
စက်တင်ဘာ၊၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအကျော်မှာ ခြံထဲကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ညနေ(၃)နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခြံထဲကနေ ဝက်စာပင်ခုတ်ပြီး ပြန်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒဏ်ပြင်းထန်မှုကြောင့် အမျိုးသားဖြစ်သူရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာနဲ့တော့ သိပ်မဝေးဘူး။ ခြံကနေ ဆိုင်ကယ် စီးပြီး ပြန်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ပစ်လိုက်တာ။...
မြစ်ဆုံဒေသမှာ ရွှေတူးဖော်တာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေတ္တရပ်နားခဲ့ပေမယ့် အကြီးအကျယ် ပြန်လည်တူးဖော်နေ
နို၀င်ဘာ၊၁
ဧရာဝတီမြစ်ဆုံဒေသအတွင်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ခေတ္တရပ်နားထားပေမယ့် အခုအချိန် အကြီးအကျယ် ပြန်လည်တူးဖော်နေပြီလို့ သိရပါတယ်။
"အခုကပိုပြီး လုပ်နေကြပြီ။ သတင်းတွေ ပြန်ကြားရတယ်။ သူတို့က ခဏလေးနားပြီး အကြီးအကျယ် ပြန်လုပ်နေတာ။ ဘက်ဟိုးတောင် (၁၀) စီးလောက်ရောက်နေပြီ။ ညမှ လုပ်တာတဲ့။( ၂) ရက် (၃) ရက်လောက်နားပြီး ပြန်လုပ်နေတာ။ အခုက လုပ်နေတာအစောင့်နဲ့ လုပ်နေတာ။ ဘယ်သူမှ လာကြည့်လို့မရအောင် လုပ်ထားတာတဲ့။ ဘယ်သူမှ...
ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ
စက်တင်ဘာ၊၂၀
ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။
အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။
"စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...
ဝါရာဇွပ်ကျေးရွာအုပ်စုမှာ စံပြပြည်သူ့စစ်၊ စစ်ကောင်စီယာဉ်တန်း လုံခြုံရေးတပ်သားတွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ၊၂
ဖားကန့်မြို့နယ်၊ဝါရာဇွပ်ကျေးရွာအုပ်က ယုဇန ကုမ္ပဏီလမ်း ဖောက်လုပ်ထားတဲ့ တရုတ်တံတားအကျော်မှာ စံပြပြည်သူ့စစ်တွေနဲ့အတူ စစ်ကောင်စီတပ် ယာဉ်တန်းဆင်းလာချိန်ကို လုံခြုံရေးယူပေးနေတဲ့ တပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)တို့ ဒီကနေ့ မနက်(၈)နာရီလောက်မှာ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စံပြ ပြည်သူ့စစ်က စစ်သားတွေနဲ့ စစ်ကောင်စီ တပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တရုတ်တံတားအကျော်မှာ ဖြစ်တာ။ စံပြပြည်သူ့စစ် ကား(၂)စီးရော ဆင်းလာတယ်။ စစ်သားတွေရော ပါတယ်။...











