စက်တင်ဘာ၊၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအကျော်မှာ ခြံထဲကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ညနေ(၃)နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခြံထဲကနေ ဝက်စာပင်ခုတ်ပြီး ပြန်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒဏ်ပြင်းထန်မှုကြောင့် အမျိုးသားဖြစ်သူရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာနဲ့တော့ သိပ်မဝေးဘူး။ ခြံကနေ ဆိုင်ကယ် စီးပြီး ပြန်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ပစ်လိုက်တာ။ (၂)ယောက်လုံးတော့ လက်ရှိ ဒဏ်ရာ အရမ်းပြင်းထန်နေတယ်။ ယောက်ျားလေးက အ‌ ခြေအနေပိုဆိုးတော့ ဘယ်လို ဆက်ဖြစ်မလဲ မသိသေးဘူး။”လို့ ဒေသခံကဆိုပါတယ်။

လက်ရှိအချိန် သူတို့နှစ်ယောက်ကို မြစ်ကြီးနားစစ်ဆေးရုံကို ခေါ်ဆောင်သွားကြပြီလိုလည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက အရပ်သား(၈)ယောက်လောက်ကိုလည်း ကြိုးတွေတုတ်ထားပြီး လမ်းဘေးမှာ မှောက်ခိုင်းထားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

” ဘေးမှာလည်း လူ(၈)ယောက်လောက်ကို လမ်းဘေးမှာ ကြိုးချည်ပြီး မှောက်ထားခိုင်းတယ်။ ကားပေါ်က ခရီးသည်လိုလိုတော့ ကြားရတယ်။”လို့ ဒေသခံက ပြောပါတယ်။

အဲဒီ ပစ်ခံရတဲ့နှစ်‌ယောက်ဆီမှာ သေနတ်တို တစ်လက် တွေ့လိုက်တာကြောင့် စစ်သားတွေက လိုက်ပစ်ကြတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိ လဝါးကျေးရွာ လမ်းဘက်တစ်လျှောက်မှာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းတွေ ထိုးထားဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတွေဟာ သက်ဆိုင်ရာ ဘာသာရေးကျောင်းတွေမှာ တိမ်းရှောင်နေရပါတယ်။