စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ခရစ်ယာန်အသင်းတော်တွေကို စစ်ကောင်စီ ခေါ်ယူတွေ့ဆုံ

နို၀င်ဘာ၊၂ ကချင်ပြည်နယ်အတွင်းက IDP တွေနေရပ်ပြန်နိုင်ရေး ပထမအဆင့်အနေနဲ့ ခရစ်ယာန်အသင်းတော်ပေါင်းစုံ ကို စစ်ကောင်စီကနေ မနေ့က နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က မြန်မာစစ်တပ်နဲ့ KIO တို့ကြား IDP တွေ နေရပ်ပြန်နိုင်ရေးအတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက် ရပ်တန့်ခဲ့တဲ့ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ပြန်လည် အကောင်ထည်ဖော် နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက...

အင်ဂျန်းယန်မြို့နယ်က ကျေးရွာအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေ

အောက်တိုဘာ၊၁၃ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က ကျေးရွားအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် စပါးပင်တွေ ပျက်စီးပြီး ယာပိုင်ရှင်တွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဘွမ်ရွန်းနဲ့ အင်ဂွမ်းလကျေးရွာတွေမှာ အဆိုးဆုံး အခြေအနေဖြစ်နေပြီး ဒေသခံတွေအနေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း‌တွေကို ဝိုင်းဝန်းအကြံပေး ကူညီကြဖို့ တောင်းဆိုနေကြပါတယ်။ "အရင်က လူကြီးတွေပြောတာက ဒီနှစ်မှာ ဒီလိုစားရင် နောက်နှစ်တွေမှာ ပိုဆိုးလာမယ်လို့ ပြောထားတာ ရှိတော့ စိုးရိမ်နေရတယ်။ ကူညီ အကြံပေးကြဖို့ တောင်းဆိုချင်တယ်။ ကြွက်တွေ စားလိုက်တော့...

သန္နီခရိုင်အတွင်းက တိုက်ပွဲမှာ MNDAA စနိုက်ဘာသမား လက်ချက်နဲ့ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး၊တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့လည်း သိမ်းဆည်းရမိ

နိုဝင်ဘာ၊၁၁ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီခရိုင်၊ ဖုလုံအနောက်ဘက်တောင်တန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ နိုဝင်ဘာလ (၉) ရက်နေ့ မနက် (၉) နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် MNDAA စနိုက်ဘာသမားရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်မ (၉၉) ရဲ့ ရိက္ခာတစ်ချို့ကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဟာ မုံးကိုးခရိုင်အတွင်းမှာ စစ်ကူတွေအဆက်မပြတ်ပို့ဆောင်နေပြီး သိန္နီခရိုင်ဘက်မှာလည်း ကိုးကန့် MNDAA...

မြန်မာပြည်မြောက်ဖျားပိုင်းက ခိုးကိုးရာမဲ့ ဘိုးဘွားတွေနဲ့ ဒေသခံတွေရဲ့ အခက်အခဲ

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ ဖေဖော်ဝါလနှောင်းပိုင်းမှာ မြန်မာနိုင်ငံအတွင်း ကုန်စည်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့ပြီး လူမှုအခက်အခဲတွေကို တစ်နေ့ထက်တစ်နေ့  ပြည်သူလူထု ခါးစည်းခံနေကြရပါတယ်။ ကုန်စည်ဈေးနှုန်းမြင့်တက်မှုနဲ့အတူ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဒေသခံပြည်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာပါ။ ဒါ့အပြင် ရှုပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေတွေကြား သွားရေးလာရေးမှာလည်း လုံခြုံမှုကင်းမဲ့နေတယ်လို့ ခံစားနေရပြီး ဒေသခံလူထုဟာ ဝမ်းရေးပြဿနာတွေကြား ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရပါတယ်။ “အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ချိန်မှာ ဘာပဲလုပ်လုပ်၊ဘယ်ပဲသွားသွား စိုးရိမ်ရတယ်။ ကြောက်ရတယ်။မငြိမ်းချမ်းဘူး ။ လုံခြုံမှုမရှိဘူးလို့...

စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နှင့်တွေ့ဆုံမေးမြန်းခြင်း။

စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ အမိန့်ပေးနေတဲ့စစ်ကောင်စီအနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး ချင်းပြည်နယ်၊ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၆၀) ကျော်နဲ့ နဲ့ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း မီးလောင်ကျွမ်း ပြာကျခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေကို PDF တွေကနေလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို...

မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က(၁၆) မိုင်နဲ့ (၁၈) ကြား စစ်ကောင်စီ ကားနှစ်စီးကို လက်နက်ကြီး(RPG) နဲ့ KIA ပစ်ခတ်

နို၀င်ဘာ၊၂ ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်‌ရေးတပ်မ‌တော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။ "ဖြတ်သွားတဲ့ကားကို...

မိုင်းနောင်ကျေးရွားအနီး စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

အောက်တိုဘာ၊၉ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာလ(၉)ရက်နေ့ နေ့လယ် (၁၂) နာရီလောက်က စစ်ကောင်စီတပ်တွေကနေ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်လို့ သိရပါတယ်။ နေ့လယ်(၁၂)နာရီခွဲခန့်က မိုင်းနောင်ကျေးရွာတစ်ဝိုက်မှာ ဂျက်လေယာဉ် ပျံဝဲခဲ့ပြီးနောက် ဗုံးသုံးလုံး ပစ်ချသွားတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။ " (၁၂)နာရီကျော်လောက်က ဂျက်လေယာဉ်နှစ်စင်း သုံးလေးခေါက်လောက် ပျံဝဲပြီး ဗုံးသုံးခါ လာပစ်သွားတာ။ ရွာဘက်မှာတော့ မဟုတ်ဘူး KIA တွေရှိတဲ့ဘက် မှန်းပြီးမှ ပစ်သွားတာ။"လို့...

ဆိုင်ကယ်လုယက်မှု‌ကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

‌နို၀င်ဘာ၊၂ ၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီလူငယ်ကို ဒီက​နေ့ နိုဝင်ဘာလ (၂) ရက်​နေ့ ည​နေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာ​ရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။ " ကားဖြူနဲ့ လူနှစ်​ယောက်​ရောက်လာတာ သန်းထိုက်​​ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ ​မေး​တော့...

လဝါးကျေးရွာ အကျော်မှာ ဆိုင်ကယ်စီးပြန်လာသူ နှစ်ဦးကို စစ်ကောင်စီ ပစ်ခတ်၊ ဒဏ်ရာပြင်းထန်ဟုဆို

စက်တင်ဘာ၊၂၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအကျော်မှာ ခြံထဲကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့ညနေ(၃)နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခြံထဲကနေ ဝက်စာပင်ခုတ်ပြီး ပြန်လာချိန် ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိ ဒဏ်ပြင်းထန်မှုကြောင့် အမျိုးသားဖြစ်သူရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "ရွာနဲ့တော့ သိပ်မဝေးဘူး။ ခြံကနေ ဆိုင်ကယ် စီးပြီး ပြန်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ပစ်လိုက်တာ။...

ဖားကန့်က စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂) ခုကို KIA တိုက်ခိုက်သိမ်းပိုက်

နို၀င်ဘာ၊၁၄ ဖားကန့်မြို့နယ်အတွင်းက နမ်ဂျန်ချောင်းတစ်လျောက်ရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ လှုပ်ရှားတပ်စခန်း(၂)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက်လိုက် တယ်လို့ သိရပါတယ်။ မနေ့က ညနေပိုင်း(၄)နာရီကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ "မနေ့က ညနေ(၄)နာရီကနေ ပစ်ကြတာ။ ည ခဏနားပြီး ဒီကနေ့မနက် (၆)နာရီလောက်မှာ ပြန်ပစ်ကြတယ်။ အခုချိန်ထိပဲ။ လက်ရှိ KIAက...