မြစ်ဆုံ‌ဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် သဘာဝဘေးဆိုးကျိုးများဖြစ်ပေါ်လာပါက တူးဖော်သူများနှင့် အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်ကြောင်းသဘောထားထုတ်ပြန်

အောက်တိုဘာ၊ ၁၄ ဧရာဝတီမြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် ရေရှည်နောက်ဆက်တွဲသဘာဝဆိုးကျိုးများ၊လူမှုဆိုးကျိုးများဖြစ်ပေါ်လာပါက စက်ယန္တယားများဖြင့် ရွှေတူးဖော်သူများ၊ခွင့်ပြုသူများ၊ အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း မြစ်ဆုံဒေသခံလူထုမှ သဘောထားထုတ်ပြန်လိုက်သည်။ ဧရာဝတီမြစ်ဆုံဒေသသည် တစ်မျိုးသားလုံးချစ်မြတ်နိုးတန်ဖိုးထားသော သဘာဝတရားတစ်ခုဖြစ်ပြီး ယန္တယားကြီးများဖြင့် ရွှေတူးဖော်နေမှုများ ရှိနေသောကြောင့် မတူးဖော်ကြရန် ရွာသူရွာသားများ၏ သဘောထားဖြစ်ကြောင့် မြစ်ဆုံအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ "ကျွန်မတို့ မြစ်ဆုံ ဧရိယာမှာ ယန္တရားစက်ကြီးတွေနဲ့ရွှေတူးဖော်နေလို့ မတူးပေးဖို့က ကျမတို့ ရွာသူရွာသားတွေရဲ့ သဘောထားဟုတ်တယ်။ သူတို့စလာတာတော့ တစ်လ နှစ်လ လောက်တော့ရှိပြီ။ အခုကတော့ ပိုပြီးမှ တွင်ကျယ်အောင်...

အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လ ကျေးရွာမှာ ကိုဗစ်ကူးစက်သူ (၄၀၀) ကျော်ရှိလာပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်

အောက်တိုဘာ၊၂၈ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်ကူးစက်တာတွေ များပြားလာပြီး အောက်တိုဘာ (၂၆) ရက်နေ့စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေ( ၄၀၀)အထိရှိခဲ့တာကြောင့် ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ "အခုလောလောဆယ် ကိုဗစ်ဖြစ်နေတော့ အချင်းချင်းကူညီဖို့ကလည်း ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ပြီးတော့ အားရှိတဲ့အစားအစာတွေ လိုအပ်နေတယ်။ ဒီမှာရှိတာက ကြက်သွန်နဲ့ တောင်ယာက ထွက်တဲ့သီးနှံတွေပဲရှိတာ။" လို့ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။ ဖျားနာသူ တွေဟာ နှာစေး၊ ချောင်းဆို၊ ခေါင်းကိုက်၊...

မြစ်ကြီးနား-ပူတာအိုကားလမ်း ပြန်ဖွင့်ပြီ

စက်တင်ဘာ၊၂၁ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ "ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။" ဟုဆိုသည်။ မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈)...

ပူတာအို- ခေါင်လန်ဖူး နေ့ချင်းပေါက်ခရီး သွားလာနိုင်ပြီ

စက်တင်ဘာ၊၂၀ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့နယ်ကို တစ်ရက်ခရီးနဲ့ သွားလာလို့ ရနိုင်ပြီဖြစ်တယ်လို့ ပူတာအိုဒေသခံအချို့ ဆီကနေ သိရပါတယ်။ အရင်က ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ကို ခြေလျင်နဲ့(၁၅)ရက်လောက် ကြာ သွားရတဲ့ခရီးကို တစ်ရက်နဲ့ ခရီးပေါက်သွားတာ ဖြစ်ပါတယ်။ "စက်တင်ဘာလ(၁၄)ရက်နေ့မှာတော့ အိမ်စီးကား စတင်ရောက်ရှိနေတယ်ဆိုပြီး ကြားသိရတယ်။ ကားအကြီးတွေတော့ မရသေးဘူး။ မိုးမရွာဘူးဆိုရင်တော့ တစ်နေ့ခရီးနဲ့ ခေါင်လန်ဖူးထိ ရောက်ရှိနိုင်ပြီ။ ပူတာအိုကနေဆိုရင် ခေါင်လန်ဖူးထိ(၉)နာရီမောင်းတယ်။ မိုင်ပေါင်းက (၁၁၅)မိုင်လောက်ရှိတယ်။ အရင်က ဆိုင်ကယ်နဲ့တောင်မရဘူး။ (၂၀၁၉)လောက်ကနေစပြီးမှပဲ ဆိုင်ကယ်နဲ့ စွန့်စားသွားလာ...

ဒွမ်ဘန် တပ်စခန်းကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ စစ်ကား အစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်း (၂)ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ

အောက်တိုဘာ၊၁၁ ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။   စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။   "ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန်...

အင်ဂျန်းယန်မြို့နယ်က ကျေးရွာအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေ

အောက်တိုဘာ၊၁၃ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်က ကျေးရွားအချို့ရဲ့ စပါးခင်းတွေမှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် စပါးပင်တွေ ပျက်စီးပြီး ယာပိုင်ရှင်တွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ ဘွမ်ရွန်းနဲ့ အင်ဂွမ်းလကျေးရွာတွေမှာ အဆိုးဆုံး အခြေအနေဖြစ်နေပြီး ဒေသခံတွေအနေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း‌တွေကို ဝိုင်းဝန်းအကြံပေး ကူညီကြဖို့ တောင်းဆိုနေကြပါတယ်။ "အရင်က လူကြီးတွေပြောတာက ဒီနှစ်မှာ ဒီလိုစားရင် နောက်နှစ်တွေမှာ ပိုဆိုးလာမယ်လို့ ပြောထားတာ ရှိတော့ စိုးရိမ်နေရတယ်။ ကူညီ အကြံပေးကြဖို့ တောင်းဆိုချင်တယ်။ ကြွက်တွေ စားလိုက်တော့...

ဆိုင်ကယ်လုယက်မှု‌ကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး ပြန်လည်ဖမ်းဆီးခံရ

‌နို၀င်ဘာ၊၂ ၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အဲဒီလူငယ်ကို ဒီက​နေ့ နိုဝင်ဘာလ (၂) ရက်​နေ့ ည​နေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာ​ရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။ " ကားဖြူနဲ့ လူနှစ်​ယောက်​ရောက်လာတာ သန်းထိုက်​​ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ ​မေး​တော့...

မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က(၁၆) မိုင်နဲ့ (၁၈) ကြား စစ်ကောင်စီ ကားနှစ်စီးကို လက်နက်ကြီး(RPG) နဲ့ KIA ပစ်ခတ်

နို၀င်ဘာ၊၂ ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်‌ရေးတပ်မ‌တော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။ "ဖြတ်သွားတဲ့ကားကို...

ပူပြင်းတဲ့ ရာသီဥတုကြောင့် တနိုင်းလီဒိုလမ်းက စပါးပင်တွေ ပျက်စီး

အောက်တိုဘာ၊၁၃ ကချင်ပြည်နယ်၊ တနိုင်း လီဒိုလမ်းတစ်လျှောက်က စပါးခင်းတွေဟာ ရာသီဥတု ပူပြင်းတဲ့အတွက် ပျက်စီးလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ မိုးရွာတာမရှိတော့ဘဲ နေပူပြင်းတဲ့ဒဏ်ကြောင့် စပါးပင်တွေ နီလာပြီး ပျက်စီးလာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ "လီဒိုလမ်းတစ်လျှောက်ကပဲ။ စပါးပင်တွေက နီသွားတာ။ ရေက အမြန်ခမ်းသွားတာ။ ဆိုတော့ ဘယ်လို ဆက်ဖြစ်လာမလဲ မသိဘူး။ အဓိက ကတော့ မိုးမရွာလို့ပေါ့။ ရာသီဥတုက အရမ်းပူတော့။ မနှစ်ကဆို ရာသီမိုးတွေ မှန်မှန် ရွာပေးတယ်။...

စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေး ခရစ်ယာန်အသင်းတော်တွေကို စစ်ကောင်စီ ခေါ်ယူတွေ့ဆုံ

နို၀င်ဘာ၊၂ ကချင်ပြည်နယ်အတွင်းက IDP တွေနေရပ်ပြန်နိုင်ရေး ပထမအဆင့်အနေနဲ့ ခရစ်ယာန်အသင်းတော်ပေါင်းစုံ ကို စစ်ကောင်စီကနေ မနေ့က နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က မြန်မာစစ်တပ်နဲ့ KIO တို့ကြား IDP တွေ နေရပ်ပြန်နိုင်ရေးအတွက် သဘောတူညီမှုရရှိခဲ့ပြီးနောက် ရပ်တန့်ခဲ့တဲ့ နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ပြန်လည် အကောင်ထည်ဖော် နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)က ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာက...