ရှိန်လုံကျေးရွာအနီး စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
အောက်တိုဘာလ(၂၈)
ကချင်ပြည်နယ်၊ တနိုင်းမြို့ နဲ့ ရှင်ဗွေယန်မြို့ လမ်းမပေါ်က ရှိန်လုံကျေးရွာနားမှာ တနိုင်းဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ မနေ့က အောက်တိုဘာလ(၂၇)ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)နီးပါးရှိတဲ့ အဲဒီစစ်ကြောင်းကို ရှိန်လုံကျေးရွာအဝင်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ဒေသခံတစ်ဦးက National Unity Media(NUM)ကိုပြောပါတယ်။
"မနေ့က လဂျားဘွမ်မှာ ပျောက်သွားတဲ့ စစ်ကြောင်းကို ရှိန်လုံရွာဝင်ခါနီးမှာ KIA ကနေ...
မြစ်ကြီးနားမြို့၊ ဂျော်မဆတ်စစ်ရှောင်စခန်းက ကိုဗစ်ပိုးတွေ့လူနာအားလုံးနီးပါး သက်သာပျောက်ကင်း
နို၀င်ဘာ၊၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်က ဂျော်မဆတ် စစ်ရှောင်စခန်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၅၀) ကျော်အထိ ရှိခဲ့ရာကနေလက်ရှိ ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာ(၂)ဦးဖြစ်တဲ့ အသက်(၅၀)ကျော်နဲ့(၁၈)နှစ်အရွယ် အမျိုးသမီးတို့ဟာလည်း လက်ရှိ ကျန်းမားရေး အခြေအနေကောင်းမွန်လျက်ရှိနေတယ်လို့ စစ်ရှောင်စခန်းက ဒုတာဝန်ခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
"လက်ရှိက ပိုးတွေ့က(၂)ယောက်ပဲ ရှိတော့တယ်။ အပြင်ကနေ ဝင်လာတဲ့ စောင့်ကြည့်လူနာတွေကလည်း အကုန်ထွက်ပြီ။ အောက်ဆီဂျင်ရှူရတဲ့ အဆင့်တော့ မဟုတ်ဘူး။ အဖျားတက်လိုက်၊ ကျလိုက်နဲ့...
လဝါးကျေးရွာက စစ်ဘေးရှောင်တွေအတွက် ဆေးဝါး အရေးတကြီးလိုအပ်နေ
အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ်၊ လဝါးကျေးရွာက စစ်ဘေးတိမ်းရှောင်နေရတဲ့ နေရာတွေမှာ ခုရက်ပိုင်းအတွင်း ဖျားနာမှုတွေ များပြားလာတာကြောင့် ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိအချိန် အဲဒီတိမ်းရှောင်တဲ့နေရာတွေမှာ ကိုဗစ် ရောဂါ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊အနံ့ပျောက်တာနဲ့ ဖျားနာတာတွေ ဖြစ်ပွားနေတာကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်လို့ ခွမ်ဆိုင်ယန်ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။
“ဆေးဝါးတွေ လိုအပ်နေတယ်။ကျွန်တော်တို့ဆီမှာက ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြည့်ပေး စစ်ဆေးပေးမယ့် ဆေးကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပိုခက်ခဲပါတယ်။”လို့...
စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နှင့်တွေ့ဆုံမေးမြန်းခြင်း။
စစ်ကောင်စီက ထန်တလန်မြို့ကိုမီးရှို့တာနဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ အမိန့်ပေးနေတဲ့စစ်ကောင်စီအနေနဲ့ တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး
ချင်းပြည်နယ်၊ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၁၆၀) ကျော်နဲ့ နဲ့ ခရစ်ယာန်ဘုရားကျောင်း (၂) ကျောင်း မီးလောင်ကျွမ်း ပြာကျခဲ့ပါတယ်။
အဲ့ဒီအဖြစ်အပျက်တွေကို PDF တွေကနေလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို...
အဖွဲ့၀င်တစ်ဦး ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ပူတာအိုက လုံစွတ်(Lungsut Volunteer Group) ယာယီရပ်နားမည်
စက်တင်ဘာလ၊၂၇
ကချင်ပြည်နယ်၊ ပူတာအိုမြို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ လုံစွတ်(Lungsut Volunteer Group)မှာ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် အသင်းရုံးနဲ့ လုပ်ငန်းတာဝန်တွေကို ယာယီရပ်နားသွားမယ်လို့ သိရပါတယ်။
အဖွဲ့၀င် တစ်ဦးကို စက်တင်ဘာလ(၂၆)ရက်နေ့ ညနေ(၅)နာရီက Test Kit စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် နှစ်ပတ်ကြာ Lockdown ချပြီး ယာယီရပ်နားသွားမှာ ဖြစ်တယ်လို့ လုံစွတ်(Lungsut Volunteer Group)တာဝန်ခံ က National Unity Media(NUM)ကို ပြောပါတယ်။
"ကျွန်တော်တို့က Test Kit...
စစ်ကောင်စီတပ်စခန်းကနေ ဆိုင်းဖရာကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်နေ
နို၀င်ဘာ၊၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကပ်မှော်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။
နန်ယားတပ်စခန်းကနေ ညအချိန် လက်နက်ကြီး ၁၀၉ မမ တွေနဲ့ (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" အဲဒီလိုလက်နက်ကြီးနဲ့ ပစ်တော့ အသက်ကြီးပိုင်းနဲ့ ကလေးတွေက အရမ်းကြောက်ပြီး တုန်ပြီးနေနေကြရတယ်။ တစ်ချို့က နှလုံးရောဂါရှိတဲ့သူတွေက သေတောင်သေသွားနိုင်တယ်။ ရုတ်တရက်ဆိုတော့လေ။ဘာမှမဖြစ်တဲ့ သာမန်လူတွေတောင် အရမ်းကြောက်မိတာ လက်တွေ၊...
မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက်ရှိနေ
အောက်တိုဘာ၊၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် နောင်နန်းတိုက်နယ်အုပ်စု (၁၀) မိုင်ကျေးရွာမှာ ကိုဗစ်အတည်ပြုလူနာ (၃၀) လောက် ရှိနေပြီဖြစ်တယ်လို့ ကိုဗစ် စေတနာ့၀န်ထမ်း(Volunteer)လုပ်နေတဲ့ လူငယ်တစ်ဦးဆီကနေ သိရပါတယ်။
ကိုဗစ် Volunteer တွေအနေနဲ့ ဆယ်မိုင်ရွာတွင်း စျေးပြန်လည် ဖွင့်ပြီးတဲ့နောက်ပိုင်း ကိုဗစ်ပြန်လည် ဖြစ်ပွားမှုနှုန်း များပြားလာတာဖြစ်ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေ ရှိတဲ့အိမ်တွေကို အသင်းတော်ကနေပြီးတော့ အစားအသောက်ထောက်ပံ့ပေးတာတွေ ပိုးသတ်ဆေး ဖြန်းပေးတာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
" အရင်တော့ နည်းနည်း သက်သာတယ်။ ခုတစ်လော မနက်စျေး...
မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်က(၁၆) မိုင်နဲ့ (၁၈) ကြား စစ်ကောင်စီ ကားနှစ်စီးကို လက်နက်ကြီး(RPG) နဲ့ KIA ပစ်ခတ်
နို၀င်ဘာ၊၂
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့် လမ်းမပေါ်က (၁၆)မိုင်နဲ့ (၁၈)မိုင် (လွယ်ခေါကျေးရွာ)ကြားမှာ စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မနေ့က မနက် (၁၁)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ စောင့်ကြို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကား(၂)စီး ဖြတ်သွားချိန် KIAကနေ RPGနဲ့ နှစ်ခေါက်အပြင် လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တဲ့အပြီး စစ်ကောင်စီတပ်ကလည်း အနီးအနား ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက National Unity Media (NUM) ကို ပြောပါတယ်။
"ဖြတ်သွားတဲ့ကားကို...
မြစ်ကြီးနား-ပူတာအိုကားလမ်း ပြန်ဖွင့်ပြီ
စက်တင်ဘာ၊၂၁
မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။" ဟုဆိုသည်။
မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈)...
ဒွမ်ဘန် တပ်စခန်းကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ စစ်ကား အစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်း (၂)ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ
အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။
"ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန်...











