ဒွမ်ဘန် တပ်စခန်းကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ စစ်ကား အစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်း (၂)ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ
အောက်တိုဘာ၊၁၁
ဖားကန့်မြို့နယ် ဒွမ်ဘန်တပ်စခန်းကနေ မြစ်ကြီးနားဘက်ကို ဆင်းလာတဲ့ စစ်ကားအစီး (၄၀) လောက်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဒီကနေ့မနက်က (၂) ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းကို KIA ကနေ ဒွမ်ဘွမ်းအောက်ဖက်မှာတစ်ကြိမ်နဲ့ လဝါးအောက်က ဆိုင်ရွန်ချောင်းနားမှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံက ပြောပါတယ်။
"ဒီမနက် ဒွမ်ဘန်တပ်စခန်းနေ စစ်ကားအစီး( ၄၀) မြစ်ကြီးနားဘက်ကိုဆင်းသွားတာ နှစ်နေရာမှာ KIA ကနေ မိုင်းခွဲတိုက်ခိုက်တယ်။ဒီမနက် ၉ နာရီမှာ ဒွမ်ဘန်...
လုံရှာယန်ကျေးရွာအုပ်စု၊ တန်ဂျာကျေးရွမှာ စစ်တပ်က တပ်စွဲနေထိုင်လို့ ဒေသခံများ ထိတ်လန့်နေ
ဩဂုတ်၊၃၀ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအုပ်စု တန်ဂျာ(Tan Ja) ကျေးရွာမှာ နေနေသေးတဲ့ ကျေးရွာနေပြည်တွေရဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အတူလာရောက်နေထိုင်မှုတွေကြောင့် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။ အခုလို ရွာအတွင်းက နေအိမ်တွေမှာ တပ်စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေ အနေနဲ့ လုံခြုံမှု မရှိဘူးလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
"ရွာထဲမှာ စစ်သားအင်အား(၃၀)ကျော်လောက်ရှိနိုင်တယ်။ ပြည်သူတွေရဲ့ အိမ်မှာ လိုက်နေ နေကြတယ်။ သူတို့က ပြည်သူတွေကို cover(အကာအကွယ်)လုပ်တယ်လို့ မြင်တယ်။...
စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် မန်ပန်ရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်
အောက်တိုဘာ၊၉
ဖားကန့်မြို့နယ်၊ ဒွမ်ဘန် ကျေးရွာအုပ်စု မန်ပန်ကျေးရွာမှာ မနေ့က နေ့လယ် (၁)နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လက်ရှိ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့က ရှထူးဇွပ်ကနေ ခြေလျင်နဲ့ ဆင်းလာတဲ့ စစ်သားတွေကို KIAကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ အပြီး မန်ပန်ရွာထိပ်မှာ မိုင်းဆွဲခံရပြီးတဲ့နောက် စစ်ကောင်စီ တပ်ကနေ ရွာအတွင်း ရမ်းသမ်း ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မန်ပန် ရွာထိပ်မှာ...
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ယူပေးတဲ့သူတွေကို KIA တိုက်ခိုက်
အောက်တိုဘာ၊၄
တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက်...
မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် သဘာဝဘေးဆိုးကျိုးများဖြစ်ပေါ်လာပါက တူးဖော်သူများနှင့် အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်ကြောင်းသဘောထားထုတ်ပြန်
အောက်တိုဘာ၊ ၁၄
ဧရာဝတီမြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်နေခြင်းကြောင့် ရေရှည်နောက်ဆက်တွဲသဘာဝဆိုးကျိုးများ၊လူမှုဆိုးကျိုးများဖြစ်ပေါ်လာပါက စက်ယန္တယားများဖြင့် ရွှေတူးဖော်သူများ၊ခွင့်ပြုသူများ၊ အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်မည်ဖြစ်ကြောင်း မြစ်ဆုံဒေသခံလူထုမှ သဘောထားထုတ်ပြန်လိုက်သည်။
ဧရာဝတီမြစ်ဆုံဒေသသည် တစ်မျိုးသားလုံးချစ်မြတ်နိုးတန်ဖိုးထားသော သဘာဝတရားတစ်ခုဖြစ်ပြီး ယန္တယားကြီးများဖြင့် ရွှေတူးဖော်နေမှုများ ရှိနေသောကြောင့် မတူးဖော်ကြရန် ရွာသူရွာသားများ၏ သဘောထားဖြစ်ကြောင့် မြစ်ဆုံအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
"ကျွန်မတို့ မြစ်ဆုံ ဧရိယာမှာ ယန္တရားစက်ကြီးတွေနဲ့ရွှေတူးဖော်နေလို့ မတူးပေးဖို့က ကျမတို့ ရွာသူရွာသားတွေရဲ့ သဘောထားဟုတ်တယ်။ သူတို့စလာတာတော့ တစ်လ နှစ်လ လောက်တော့ရှိပြီ။ အခုကတော့ ပိုပြီးမှ တွင်ကျယ်အောင်...
အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လ ကျေးရွာမှာ ကိုဗစ်ကူးစက်သူ (၄၀၀) ကျော်ရှိလာပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်
အောက်တိုဘာ၊၂၈
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်ကူးစက်တာတွေ များပြားလာပြီး အောက်တိုဘာ (၂၆) ရက်နေ့စာရင်းအရ ကိုဗစ်ပိုးတွေ့ရှိသူ လူဦးရေ( ၄၀၀)အထိရှိခဲ့တာကြောင့် ဆေးဝါးနဲ့အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
"အခုလောလောဆယ် ကိုဗစ်ဖြစ်နေတော့ အချင်းချင်းကူညီဖို့ကလည်း ဆေးဝါးတွေလည်း လိုအပ်နေတယ်။ ပြီးတော့ အားရှိတဲ့အစားအစာတွေ လိုအပ်နေတယ်။ ဒီမှာရှိတာက ကြက်သွန်နဲ့ တောင်ယာက ထွက်တဲ့သီးနှံတွေပဲရှိတာ။" လို့ဒေသခံတစ်ဦးက National Unity Media(NUM)ကို ပြောပါတယ်။
ဖျားနာသူ တွေဟာ နှာစေး၊ ချောင်းဆို၊ ခေါင်းကိုက်၊...
လဂျားဘွမ်ကျေးရွာကြားမှာ စစ်ကောင်စီ အရာရှိတွေ စီးနင်းလာတဲ့ အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး
အောက်တိုဘာ၊ ၂၄
ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နယ်၊ လဂျားဘွမ်ကျေးရွာကြားမှာ တနိုင်းဘက်က တက်လာတဲ့ အိမ်စီးကား (၂) စီးကို စစ်ကောင်စီတပ်တွေရဲ့ကားဖြစ်ကြောင်း ယူဆပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်ရေးတပ် (MHH) တပ်တွေကနေ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
အဲဒီကားတွေဟာ HILUX နဲ့ NOAH တွေဖြစ်ပြီး တနိုင်းဘက်ကနေ ရှင်ဗွေယန်ဘက်ကို အင်အားဖြည့်ဖို့သွားလိုက်တဲ့ စစ်ကောင်စီတပ်တွေနောက်ကို လိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အရာရှိတွေစီးလာတဲ့ ကားလို့ ယူဆပြီး ဒီကနေ့ အောက်တိုဘာလ...
မြစ်ကြီးနား-ပူတာအိုကားလမ်း ပြန်ဖွင့်ပြီ
စက်တင်ဘာ၊၂၁
မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းကစလို့ ၃ ရက်ကြာ ယာယီပိတ်ထားမယ်လို့ဆိုထားပေမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပူတာအိုကို ရောက်ရှိလာမယ်ဆိုတဲ့သတင်းကြောင့် လမ်းပိတ်ထားတာဖြစ်နိုင်ပြီး ခရီးစဉ်လည်း မရှိတော့တဲ့အတွက်ကြောင့် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
"ပြည်သူတွေ ဖြတ်သွားဖြတ်လာ အဆင်ပြေစေဖို့အတွက် ခရီးစဉ်တွေမရှိတော့တာကြောင့် ပြန်ဖွင့်ပေးတယ်လို့ ပြောကြတယ်။အဓိကတော့ ပြည်သူတွေလုပ်ကိုင်စားသောက် အဆင်ပြေဖို့ဖွင့်ပေးတာပေါ့။" ဟုဆိုသည်။
မြစ်ကြီးနားမြို့ကို စက်တင်ဘာလ (၁၈)...
နောင်မွန်မြို့မှာ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်းပေးနေ
ဒီဇင်ဘာ၊၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ အာဏာသိမ်း စစ်ကောင်စီကနေ ရဲ၀န်ထမ်းတွေရဲ့ ဇနီးသည်တွေကို စစ်သင်တန်း ခေါ်ယူ သင်ကြားပေး နေတယ်လို့ သိရပါတယ်။
နောင်မွန်းမြို့မှာ ရဲအင်အားနည်းတဲ့အတွက် စစ်ရေးပိုမို ပြင်းထန်လာရင် အဆင်သင့် အနေအထားဖြစ်နေဖို့ အခုလို သင်ကြားပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။
"နောင်မွန်မှာက ရဲအင်အား မရှိတော့ သင်တန်း ခေါ်ကြတာပေါ့။ ရဲတွေရဲ့ ဇနီးတွေကို။ သူတို့ ဘာသတင်းကြားလို့လား။ သူတို့က...
ခလရ(၅၈) တပ်ရင်းကနေ ဖမ်းဆီးသွားတဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစု တောင်းဆို
ဩဂုတ်၊၃၁ ဝိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းကနေ ဩဂုတ်လ (၂၈) ရက်နေ့ မွန်းလွဲပိုင်းအချိန်က လက်နက်ကြီး/ငယ်တွေနဲ့ ကျေးရွာတွေမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ မဒိန်ဒေသခံ ဦးဘောမ်ဇုန်းအား အမြန်ဆုံးလွတ်ပေးဖို့ မိသားစုတွေက တောင်းဆိုနေကြပါတယ်။ ဦးဘောမ်ဇုန်းဟာ အဲဒီနေ့က သေနတ်သံကြားနေရချိန် ကလေး တွေနဲ့ ပုန်းနေပြီး ဝိုင်းမော်မြို့ပေါ်ကို ပြေးဖို့ စီစဉ်နေချိန်မှာပဲ စစ်သားတစ်ဦး ၀င်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန် ဦးဘောမ်ဇုန်းကို ကေအိုင်အေစစ်သားလို့ဆိုပြီး...










