ဆိုင်ကယ်လုယက်မှုကြောင့် ဟုဆိုကာ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး ပြန်လည်ဖမ်းဆီးခံရ
နို၀င်ဘာ၊၂
၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး လွန်ခဲ့တဲ့ (၁၈)ရက်နေ့က လွတ်မြောက်ခဲ့တဲ့ မြစ်ကြီးနားက လူငယ်တစ်ဦး လုယက်မှုကြောင့်ဟုဆိုကာ ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီလူငယ်ကို ဒီကနေ့ နိုဝင်ဘာလ (၂) ရက်နေ့ ညနေပိုင်း (၂) နာရီခန့်အချိန် သူတို့ ဖွင့်လှစ်ထားတဲ့ ကွမ်းယာဆိုင်ကို လာရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူက ဆိုပါတယ်။
" ကားဖြူနဲ့ လူနှစ်ယောက်ရောက်လာတာ သန်းထိုက်ဇေ ရှိလားဆိုပြီး အိမ်ကိုအရင်လာတာ ဘာလုပ်ဖို့လဲလို့ မေးတော့...
စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း KIA နဲ့ ထပ်မံ တိုက်ပွဲပြင်းထန်
စက်တင်ဘာ၊၂၃
ဒီကနေ့ နမ္မတီးဘက်ကနေ တက်လာတဲ့ စစ်ကား(၃)စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ခြေလျင်နဲ့ စစ်ကြောင်း ပြန်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ လွယ်လီချောင်းအကျော် ဒွမ်ဘွမ် အောက်ဘက်မှာရှိတဲ့ တာဝါတိုင်အနီးမှာ ညနေ(၆)နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကားတွေဟာ ဒီကနေ့ မိုးကောင်းမြို့နယ်၊ မရန်ကထောင်အကျော် မကောက်ဇွပ်ကုန်းမှာ နားနေချိန် မိုင်းခွဲတိုက်ခိုက်ခံရပြီး ခြေလျင်နဲ့ ပြန်လည် စစ်ကြောင်းဆင်ခဲ့တယ်လို့ သိရပါတယ်။
စစ်သားတွေဟာ လွယ်လီချောင်းအကျော်ကနေ (၂)မိုင်လောက်ဝေးတဲ့ တာဝါတိုင်အနီးမှာ KIAနဲ့ ထိပ်တိုက် တိုက်ပွဲပြင်းထန်ခဲ့တာ...
အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့အထဲမှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲပါဝင်
ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန်
မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ်...
လဂျားဘွမ်ကျေးရွာကြားမှာ စစ်ကောင်စီ အရာရှိတွေ စီးနင်းလာတဲ့ အိမ်စီးကား (၂) စီးကို KIA မီးရှို့ဖျက်ဆီး
အောက်တိုဘာ၊ ၂၄
ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နယ်၊ လဂျားဘွမ်ကျေးရွာကြားမှာ တနိုင်းဘက်က တက်လာတဲ့ အိမ်စီးကား (၂) စီးကို စစ်ကောင်စီတပ်တွေရဲ့ကားဖြစ်ကြောင်း ယူဆပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြည်သူ့ကာကွယ်ရေးတပ် (MHH) တပ်တွေကနေ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
အဲဒီကားတွေဟာ HILUX နဲ့ NOAH တွေဖြစ်ပြီး တနိုင်းဘက်ကနေ ရှင်ဗွေယန်ဘက်ကို အင်အားဖြည့်ဖို့သွားလိုက်တဲ့ စစ်ကောင်စီတပ်တွေနောက်ကို လိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အရာရှိတွေစီးလာတဲ့ ကားလို့ ယူဆပြီး ဒီကနေ့ အောက်တိုဘာလ...
KNU/ KNLA နှင့် စစ်ကောင်စီတို့ ယမန်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု (၅) ကြိမ်အတွင်း စစ်ကောင်စီဘက်က (၁၄) ဦးသေ၊ (၉) ဦးဒဏ်ရာရ
အောက်တိုဘာ ၂၅
ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂)၊ BGF -၁၀၁၃ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့ တို့အကြား ယမန်နေ့ အောက်တိုဘာ (၂၄) ရက်နေ့က (၁) ရက်ထဲတွင် ထိတွေ့ပစ်ခတ်မှု (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၁၄) ဦးသေဆုံးကာ...
ကောင်ရာကျေးရွာမှာ စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ယူပေးတဲ့သူတွေကို KIA တိုက်ခိုက်
အောက်တိုဘာ၊၄
တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာမှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတက်လာတဲ့ ယာဉ်တန်းလုံခြုံရေး ယူပေးနေတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်(၈)နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
စစ်ကောင်စီ ယာဉ်တန်း လုံခြုံရေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တနိုင်းမြို့နယ် အတွင်း နောက်ထပ်တစ်နေရာ ဖြစ်တဲ့ တိန်ကောက်ကျေးရွာ ဂျန်ပူအထက်ဘက်နားမှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ဒီမနက်(၈)နာရီလောက်က ကောင်ရာမှာ ဗုံး(၄)လုံးလောက် ဖောက်ခွဲ ပေးတယ်။ လုံခြုံရေးယာဉ်တန်းကို ဟုတ်တယ်။ ပြီးတော့တိန်ကောက်...
ဒွမ်ဘန်နဲ့ ခွမ်ဆိုင်ယန်ကျေးရွာကြားက စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းခွဲတိုက်ခိုက်
အောက်တိုဘာ၊ ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာနဲ့ ခွမ်ဆိုင်ယန် ကျေးရွာကြားမှာ အင်အား(၂၀၀)ခန့်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီကနေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တဲ့အပြင် ခွန်ဆိုင်ယန်ကျေးရွာမရောက်မီ ရှရော်ပါမှာလည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ လို့ ဒေသခံတစ်ဦးက National Unity Media (NUM)ကိုပြောပါတယ်။
“မိုင်းတစ်လုံးခွဲတယ်တဲ့။ ခွန်ဆိုင်ယန်မရောက်ခင် ရှရော်ပါမှာ နောက်တစ်လုံး ထပ်ခွဲပေးတယ်။ ဒွန်ဘန်နဲ့ ခွန်ဆိုင်ယန်...
ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ
စက်တင်ဘာ၊၃၀
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။"လို့ ဒေသခံက...
ဖားကန့်မြို့မှာ MPT ဖုန်းလိုင်းပြတ်တောက်နေ
ဒီဇင်ဘာ၊၆
အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီကနေစပြီး MPTဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
"ဟုတ်တယ် MPTဖုန်းတွေက ဒီမနက်မှာ ဖုန်းလိုင်းအကုန်ပျောက်ပြီ။ မရတော့ဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း MPT ဖုန်းတွေ ဆက်လို့မရကြောင်းနဲ့ ဆက်သွယ်မှုဧရိယာပြင်ပပဲ ရောက်ရှိနေတယ်လို့ National Unity Media(NUM) ကို ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီး...
လဂျားဘွမ်နဲ့ တရုံကြားမှာ စစ်ကောင်စီစစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
ဒီဇင်ဘာ၊၁၁
Soldier-KIAကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လဂျားဘွမ်နဲ့ တရုံကျေးရွာ ကြားမှာ တနိုင်းဘက်ကနေ ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား (၈၀)လောက်ကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(MHH) ကနေ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မနက်(၇)နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေကနေ အနီးအနားကို လက်နက် ကြီး/ငယ်တွေနဲ့ တစ်နာရီလောက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီး/ငယ်နဲ့ ရမ်းသမ်းပြီး ပြန်ပစ်ကြတယ်။ မိုင်းဆွဲသံက...











