ဒီဇင်ဘာ၊ ၁၁ ခက်ထိန်နန်

မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန် ၊ ကနေဒါ နဲ့ ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တဲ့အထဲ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လဲ ပါဝင်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဖို့ကြေညာလိုက်တဲ့ အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမောင်ကို ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ပံ့ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေအသစ် တင်သွင်းလိုက်တဲ့အပေါ် Global Witness အဖွဲ့က ကြိုဆိုကြောင်းနဲ့ အဲ့ ဒီဥပေဒကို အမြန်ဆုံး အတည်ပြုဖို့လည်း အောက်တိုဘာ (၅) ရက်နေ့က ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းက မတရားစစ်အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကူညီပေးနိုင်ဖို့ BURMA Act of 2021 ဥပဒေသစ်တရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ တင်သွင်းထားတာ ဖြစ်ပါတယ်။