ဒီဇင်ဘာ၊၁၁

Soldier-KIAကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လဂျားဘွမ်နဲ့ တရုံကျေးရွာ ကြားမှာ တနိုင်းဘက်ကနေ ခြေလျင်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား (၈၀)လောက်ကို ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(MHH) ကနေ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မနက်(၇)နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေကနေ အနီးအနားကို လက်နက် ကြီး/ငယ်တွေနဲ့ တစ်နာရီလောက် ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီး/ငယ်နဲ့ ရမ်းသမ်းပြီး ပြန်ပစ်ကြတယ်။ မိုင်းဆွဲသံက နှစ်ခေါက်ကြားတယ်တရုန်စစ်တပ်ဘက် ဝင်လာကြတယ် ခု သူတို့။ သူတို့ ထိခိုက်မှုတော့ ရှိမယ်ထင်တယ် “လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလို လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် လူနေရွာတွေနဲ့ ဝေးတာကြောင့် ပြည်သူတွေ အထိအခိုက် မရှိဘူးလို့လည်း သိရပါတယ်။