ဒီဇင်ဘာ၊၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ၊ စိန်စိန်ကုမ္ပဏီ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျခဲ့တာကြောင့် ရေးမဆေးပျောက်ရှာဖွေသူတွေ ပျောက်ဆုံးနေပြီး အလောင်းရှာဖွေမှုကို အဖွဲ့ (၆) ဖွဲ့ ပူးပေါင်းပြီး (၅) ရက်မြောက်နေ့ထိ ရှာဖွေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) ဆီကနေသိရပါတယ်။

ဒီကနေ့ မနက် (၉) နာရီကစ ရှာဖွေမှု ပြုလုပ်‌နေရာ အမျိုးသားတစ်ဦးအလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီး မနေ့ကလည်း အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

” ကျွန်တော်တို့ မနက် (၉) နာရီတည်းက ရှာတာ အလောင်းတစ်လောင်း ပြန်တွေ့တယ်။ မနေ့တုန်းက တစ်လောင်း ဒီနေ့ တစ်လောင်းဆို‌တော့ နှစ်လောင်းပဲရပါသေးတယ်။အမျိုးသမီးအလောင်းတော့ မတွေ့သေးဘူး။ ညနေ (၅) နာရီထိ ရှာမယ်။ (၅) ရက်မြောက်နေ့ထိ ရှာမယ်။ ဒီနေ့နဲ့ဆို (၂) ရက်မြောက်ရှိပြီပေါ့။ ဆက်ပြီးတော့ရှာနေတယ်” လို့ အထက်ပါအဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက National Unity Media(NUM) ကိုပြောပါတယ်။

ဒီကနေ့ တွေ့‌ရှိခဲ့တဲ့ အမျိုးသားဟာ အသက် (၃၀) ဝန်းကျင် မုံရွာ၊ ပုလဲ ယင်းမာပင်ဘက်ကဖြစ်ပြီး မိသားစုတွေ လာရောက် ယူဆောင်သွားပြီလို့လည်း သိရပါတယ်။

ကျောက်ရှာသူ အများစုဟာ မှော်စီစာက ဖြစ်ပြီး မြေပြိုကျမှုမှာ လူဦးရေ ရာနဲ့ချီပျောက်ဆုံးနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။